ဩဂုတ် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
သောင်ရင်းမြစ်ရေသည် ယနေ့(ဩဂုတ်လ ၂၁ ရက်)မနက်ပိုင်းက တစ်ရှိန်တိုးမြင့်တက်လာသဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်မဲဆောက်မြို့ရှိ မြစ်ကမ်းနံဘေးရပ်ကွက်များ ရေကြီး၊ ရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မနက်(၁) နာရီဝန်းကျင်အချိန်မှစပြီး သောင်ရင်းမြစ်ရေတိုးမြင့်လာမှုကြောင့် မြဝတီမြို့ပေါ် တွင် ရေဘေးကယ်ဆယ်ရေးအသိပေးကြေညာမှုနှင့်အတူ လူမှုကူညီရေးအဖွဲ့များက မြစ်ဘေးရပ်ကွက်နေရာများကို...