Home သတင်း AKO (NSW Branch) ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

AKO (NSW Branch) ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

16

ဩဂုတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဩစတြေးလျနိုင်ငံ၊ Carramar မြို့ရှိ STARTTS Meeting Room ၌ ဩဂုတ်လ ၂၂ ရက်နေ့က ကျင်းပ ခဲ့သည့် Australian Karen Organisation – AKO (New South Wales Branch) ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ် ၁၉ ဦးက လျှို့ဝှက်မဲပေးစနစ်ဖြင့် ဗဟိုအလုပ်အမှုဆောင် ကိုယ်စားလှယ်သစ် ၉ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ရွေးကောက်တင်မြှောက်ခံရသည့် ခေါင်းဆောင်သစ်များမှာ ဥက္ကဋ္ဌ – စောတာမလာဂေါ်၊ ဒုတိယဥက္ကဋ္ဌ – နော်ဂရေ့စ်လွင်ဦး၊ အတွင်းရေးမှူး – တက်စနီးရော့ခ်၊ တွဲဖက်အတွင်းရေးမှူး – နော်အဲမလီရှီး
၊ ဘဏ္ဍာရေးမှူး – နော်ဖေါလယ်ဝါး၊ ပညာရေးတာဝန်ခံ – မန်းဂျွန်ရော့ခ်၊ ယဉ်ကျေးမှုတာဝန်ခံ – နော်ထူးရာဖေါ၊ သတင်းနှင့် မီဒီယာတာဝန်ခံ – စောကျော်ခွီးနှင့် စာရင်းစစ် (Auditor) – နော်ဂျူးစီစိန် တို့ ဖြစ်ကြသည်။

နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပခဲ့သော အဆိုပါ AKO (NSW Branch) ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် သက်ဆိုင်ရာ ဌာနအသီးသီးမှ လုပ်ငန်းအစီရင်ခံစာများ ဖတ်ကြား တင်သွင်းခြင်း၊ အဆိုပြုချက်များ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။