Home သတင်း ကရင်လူငယ်ဆယ်လီ စောလေး မိမိကိုယ်ကို အဆုံးစီရင်ကာ ကွယ်လွန်

ကရင်လူငယ်ဆယ်လီ စောလေး မိမိကိုယ်ကို အဆုံးစီရင်ကာ ကွယ်လွန်

26
Photo: Social Media

ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်လူငယ် ဆယ်လီတစ်ဦးဖြစ်သည့် စောလေး(Saw Lay-ငပိထောင်း)သည် ယနေ့ ဩဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ကာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူထံမှသိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၂၄)နှစ်သာရှိသည့် ဆယ်လီ စောလေးမှာ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရ ရှိ ၎င်း၏ မိတ်ဆွေတစ်ဦး၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးသွားသည်ဟု ဆိုသည်။

ကရင်သရုပ်ဆောင်ဒါးဒါးက “အိမ်သာထဲမှာ ကြိုးဆွဲချသေတာ ဒီမနက်ပဲ။ အခုဖုတ်ဖရ ဆေးရုံ ရင်ခွဲရုံမှာထားတယ်။ ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေတာလဲတော့မသိဘူး” ဟု သေဆုံးသူ၏ရုပ်အလောင်းကို ဆေးရုံရှေ့၌ သွားရောက်စောင့်ဆိုင်းနေချိန်တွင် Live လွှင့်၍ ပြောသည်။

စောလေးသည် ဟာသ ဗီဒီယိုအတိုများ ရိုက်ကူးထုတ်လွှင့်သူ ကျော်လော်အဲ့နှင့် တွဲသရုပ်ဆောင်ရာမှ လူသိများလာခြင်းဖြစ်သလို သီချင်းများလည်း သီဆိုသည့်အပြင် ၎င်းကိုယ်တိုင်ထုတ်လုပ်သည့် Saw Lay (ငပိထောင်း)ဖြင့်လည်း လူသိများသူဖြစ်ကြောင်း သိရသည်။

ငယ်စဉ်ကတည်းက ဖခင်နှင့်ကွဲကွာနေထိုင်ရပြီး မိခင်ဖြစ်သူနဲ့သာ ကြီးပြင်းလာရသည့် ဆယ်လီစောလေးမှာ ကိုယ်တိုင်ကြိုးစားရပ်တည်မှုဖြင့် ကရင်အသိုင်းအဝိုင်းတွင် လူသိများအောင်မြင်လာသည့် ကရင်လူငယ်စီးပွားရေးသမားတစ်ဦးလည်း ဖြစ်သည်ဟု သူနှင့်နီးစပ်သူများ ပြောသည်။