ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
“တိုင်းရင်းသားပြည်သူလူထုအတွင်း မှန်ကန်သော သတင်းအချက်အလက်များ လက်လှမ်းမီရရှိမှုနှင့် အကျိုးသက်ရောက်မှုများအပေါ် တွင် တိုင်းရင်းသားဘာသာစကားနှင့် ထုတ်လွှင့်သော သတင်း မီဒီယာထုတ်ကုန်များ၏ အကျိုးသက်ရောက်မှုများ” ဆိုင်ရာ အွန်လိုင်း လေ့လာဆန်းစစ်ချက် အတွက် ပါဝင်ဖြေဆိုပေးရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအတွက် တိုင်းရင်းသားတို့၏ ဘာသာစကားများဖြင့် သတင်းအချက်အလက် မှန်ကန်စွာ လက်လှမ်းမီ ရရှိနိုင်ရေးတွင် တိုင်းရင်းသားမီဒီယာထုတ်ကုန်များ၏ အခန်းကဏ္ဍနှင့် သက်ရောက်မှုများကို ပိုမိုသိရှိနိုင်ရန်အတွက် Burma News International (BNI) မှ အွန်လိုင်းလေ့လာဆန်းစစ်မှု (Online Assessment) တစ်ခုကို ဆောင်ရွက်လျက် ရှိပါသည်။
ဤဆန်းစစ်ချက်သည် တိုင်းရင်းသားဒေသများရှိ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်နှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သတင်းမီဒီယာ ကြည့်ရှုခံစားသူ မိဘပြည်သူများအနေဖြင့် အောက်ပါ ဆန်းစစ်ချက်ပုံစံ (Data Collection Form) တွင် အဖိုးတန် ထင်မြင်ယူဆချက်များကို ဖြေဆို၍ ပူးပေါင်းပါဝင်ပေးကြ ပါရန် မိဘပြည်သူများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆန်းစစ်ချက်ပုံစံ ဖြေဆိုရန်လင့် – https://ee.kobotoolbox.org/single/gAmegDJm
(ဝန်ခံကတိပြုချက်။ ။ ပေးပို့လာသော အချက်အလက်များကို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လေ့လာဆန်းစစ်မှု အစီရင်ခံစာအတွက်သာ အသုံးပြုမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုမည် မဟုတ်ပါကြောင်း လေးနက်စွာ ဝန်ခံကတိပြုပါသည်။)
#BNI #BurmaNewsInternational #EthnicLanguageMedia #InformationAccess #Myanmar #OnlineSurvey#Assessment#ethnicnews#ethnicmedia#media



















