Home 2025
Yearly Archives: 2025
သရက်ချောင်းတွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ နေအိမ်များ မီးရှို့ခံရ ဒေသခံအများအပြား ထွက်ပြေး
နိုဝင်ဘာ ၁၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်အုပ်စုတပ်က ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့ပေါ် အခြေစိုက် ဝင်းဝစခန်းမှ တစ်ဆင့် နိုဝင်ဘာ ၈ ရက်နေ့မှစ၍...
အမေရိကန်၏ ကျားဖြန့်ကိစ္စ အရေးယူမှု လက်တွေ့မကျဟု DKBA ဝေဖန်
နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အမေရိကန်အစိုးရက ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် ခေါင်းဆောင်လေးဦးတို့အား အရေးယူပိတ် ဆို့လိုက် ခြင်းသည် လက်တွေ့မကျသည့်လုပ်ရပ်ဟု DKBA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ဝေဖန်လိုက်သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC)...
သံတောင်၌ စစ်အုပ်စု ပါဝင်မှု သံသယရှိ မိခင်တစ်ဦး မုဒိမ်းကျင့်သတ်ခံရမှု စုံစမ်းဖော်ထုတ်ရ ခက်ခဲနေ
နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)/တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ရွှေ ညောင်ပင်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ(၄)ရက်နေ့က မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရသည့်အသက် (၁၇)နှစ်အရွယ် ကလေးမိခင်၏ အမှုကို စစ်အုပ်စုကျူးလွန်ကြောင်း သံသယရှိသော်လည်း စုံစမ်း ဖော်ထုတ်ရန် ခက်ခဲနေကြောင်း နယ်ခံများထံမှ သိရသည်။
အသက်(၁)နှစ် (၃)လသားအရွယ်...
ကျားဖြန့်လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်ရန် မြေဧကထောင်ချီလိုက်လံဝယ်ယူနေမှု BGF ငြင်းဆို
နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျားဖြန့်လုပ်ငန်း နေရာပြောင်းရွှေ့ လုပ်ကိုင်ရန် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ မော်ဖိုးကေ ဒေသတွင် ကရင်နယ်ခြားစောင့်တပ် (BGF)က မြေဧကထောင်ချီလိုက်လံဝယ်ယူမှု လုပ်ဆောင်နေသည်ဟု ဆိုသည့်သတင်းအပေါ် အဖွဲ့ခေါင်းဆောင်များက ငြင်းဆိုလိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ဒေသခံတချို့၏ ပြောကြားချက်ကို ကိုးကားပြီး...
ရွှေကုက္ကိုလ်က ကျားဖြန့်အင်ပါယာခေါင်းဆောင် ရှီကျင်ကျန်းကို ထိုင်းအစိုးရမှ တရုတ်ထံ ယနေ့ လွှဲပြောင်းမည်
နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရွှေကုက္ကိုလ်မြို့က ကျားဖြန့်အင်ပါယာ၏ Godfather ဟု ထိုင်းမီဒီယာများက သုံးနှုန်းသည့် (Mr. She Zhijiang ) မစ္စတာ ရှီကျင်ကျန်းကို ယနေ့ ညနေ ထိုင်းစံတော်ချိန် ညနေ ၄ နာရီ ၂၀...
မောတောင်တွင် တိုက်ပွဲများကြောင့် ဒေသခံများ ထိုင်းဘက်သို့ တိမ်းရှောင်
နိုင်ဝင်ဘာ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် ဒေသတွင်းရှိ တောလှန်ရေး တပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံများ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခရိုင်အတွင်းရေးမှူးပဒိုအယ်နားက ကေအိုင်စီသို့ ပြောသည်။
မောတောင်မြို့ဘက်သို့ စစ်တပ်က အင်အာားအလုံးအရင်းဖြင့်...
ညောင်လေးပင်တွင် စစ်အုပ်စုတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၈ လုံး ပျက်စီးခဲ့
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ/ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၈ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ (ဗဟို)က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၆) ရက်နေ့က...
ရွေးကောက်ပွဲ ဥပဒေဖြင့် စစ်အုပ်စုအမှုဖွင့်ခြင်းအပေါ် အလေးထားရန်မလိုကြောင်း KNU တပ်မဟာ (၁) တုန့်ပြန်
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ခြင်းအပေါ် အလေးထားရန်မလိုအပ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက တုန့်ပြန်ပြောဆိုလိုက်သည်။
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်/တပ်မဟာ (၁) ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်အပါအဝင် လူ ၂၀ ကျော်အား ရွေးကောက်ပွဲကို...
ဖက်ဒရယ်မျှော်မှန်းချက်နှင့်ဆန့်ကျင်ဘက် ရွေးကောက်ပွဲတွင် မပါဝင်ကြရန် မွန်-ခမာအုပ်စု တိုက်တွန်း
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဝ၊ တအာင်း၊ မွန် လူငယ်သုံးဖွဲ့ပူးပေါင်းထားသည့် မွန်-ခမာအုပ်စုက စစ်အုပ်စု၏ ရွေးကောက်ပွဲကိုဝန်းရံပေးခြင်းသည် တော်လှန်ရေးရည်မှန်းချက်၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး မျှော်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ပူးပေါင်းပါဝင်မှုမပြုကြရန် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းသည်။
စစ်အုပ်စုရွေးကောက်ပွဲက အာဏာသိမ်းထားသည့်ကာလအတွင်း ၎င်းတို့ကျူးလွန်ထားသော ရာဇဝတ်မှု များကိုရှောင်ရှားရန်နှင့်...
ပြည်နယ်နေ့ ဒုံးပြိုင်ပွဲ ဘက်စုံဒုံး ပထမဆု BGF ခေါင်းဆောင် ဗိုလ်မှူးကြီးချစ်သူ သမီးဦးဆောင် ဒုံးအဖွဲ့ရရှိ
နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သီရိကွင်း၌ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်၏ ရိုးရာဒုံးပြိုင်ပွဲတွင် ပထမဆုကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီး...














