Home သတင်း မြဝတီမြို့အတွင်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား

မြဝတီမြို့အတွင်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား

761
Photo: Social Media

ဒီဇင်ဘာ ၂၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း ယနေ့ ဒီဇင်ဘာ၂၇ ညပိုင်းတွင် ပေါက်ကွဲဖြစ်စဉ် ဆက်တိုင်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာ၂၇ ည ၈ နာရီ ၃၉ မိနစ်အချိန်တွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ ဈေးကြီးကုန်းလမ်းမရှိ ခရိုင်ကြံ့ခိုင်ရေးရုံးလမ်းမနေရာ၌ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ကနဦး ဖြစ်ပွားကြောင်း မြဝတီ မြို့ခံသတင်းအရင်းအမြစ်တွေပြောဆိုချက်အရ သိရသည်။

” ဈေးကုန်း ကြံ့ဖွံ့ရုံး ရှေ့မှာပေါက်တာ၊‌ အိမ်တွေတုန်၊ မှန်တွေကွဲကုန်တယ်။ ဗုံးလား၊ မိုင်းလားဘာလား မသိဘူးတော်တော်ကျယ်တယ်အသံကြီးက၊ လမ်းမတန်းဆိုင်တွေ အိမ်တံခါးမှန်၊ ဗီဒိုမှန်တွေ ကွဲကုန်တယ် ” ဟု ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးနေထိုင်သူက ပြောသည်။

အဆိုပါ ကြံ့ခိုင်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် လူအထိအခိုက်ရှိကြောင်းသိရပြီး အနီးဝန်းကျင် နေအိမ်နှင့် ဆိုင်ခန်းများထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရှိရသည်။

Photo: Social Media

ထို့အပြင် မြဝတီမြို့အတွင်း ရဲစခန်းနှင့် ရှေ့တန်ရုံး နေရာဘက်တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် က ထပ်မံ ပေါက်ကွဲမှုနောက်ထပ်ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားကြောင်း ကနဦးသတင်းများအရ သိရပါသည်။

ထို့နောက် ည ၉နာရီ ၄၉ မိနစ်တွင် မွန်ကျောင်း ရှေ့မွန်ကျောင်း ရှေ့
ဆရာစံပုကျောင်း(အ.မ.က ၆)ကျောင်းရှိ မဲပေးရမည့် မဲရုံနေရာအနီးတွင် ထပ်မံ ပေါက်ကွဲ မှုဖြစ်ပွား ကြောင်း အနီးနားဝန်းကျင်နေထိုင်သူက ပြောသည်။

လက်ရှိ မြဝတီမြို့တွင် နံနက်ဖြန် ဒီဇင်ဘာ၂၈ ရက်တွင် ကျင်းပမည့် စစ်အုပ်စုရွေးကောက်ပွဲ အတွက် စစ်တပ်၊ BGF ၊ DKBA၊ KNLA-PC တပ်ဖွဲ့ များ ရပ်ကွက် မဲရုံပြုလုပ်မည့် စာသင် ကျောင်း နေရာမျများ၊ လမ်းမများတွင် လှည့်ကင်း၊ ရပ်ကင်း၊ ကင်းပုန်း နှင့် ရှောင်တခင်စစ် ဆေးမှုများ ပြုလုပ် နေကြောင်း သိရှိရသည်။