Home သတင်း ရေးတိုက်ပွဲ၌ စစ်သား ၇ ဦး သေဆုံး

ရေးတိုက်ပွဲ၌ စစ်သား ၇ ဦး သေဆုံး

565
Photo-: ရေးဘီလူးအဖွဲ့

နိုဝင်ဘာ ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် ရွာကလေးနှင့် ဝါရဟိုင်းရွာကြားတွင် တော်လှန်ရေးတပ်နှင့် စစ်အုပ်တပ်တို့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား ၇ ဦးသေဆုံးသွားသည်ဟု ရေးဘီလူးအဖွဲ့ က ပြောသည်။

ရေးမြို့နယ်သို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုစစ်ကြောင်းကို ရွာကလေးနှင့် ဝါရဟိုင်းရွာကြား၌ ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ယခုလို ပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက ရွာကလေးနဲ့ ဝါရဟိုင်းကြားထဲမှာ။ ရန်သူ့ဘက်က သေဆုံးမှု ၇ ဦး ရှိတယ်။ ဒဏ်ရာ ရတာလည်း ရှိတယ်။ ဒဏ်ရာရတာကျတော့ အာယုတောင်ကို ပြန်ပို့ချသွားတယ်။ ကျွန်တော်တို့နဲ့ သူတို့နဲ့က ရွာကလေးရွာ သူတို့ ကျော်လာခဲ့တယ်။ ဝါရဟိုင်းကြားလို့ ပြောလို့ ရတယ်။ အဲဒီမှာ ထိတွေ့မှုဖြစ်တယ်။ တိုက်ပွဲ ဖြစ်ချိန်က ၄၅ မိနစ်လောက်ရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်မှ အထိနာသောကြောင့် စစ်ကြောင်း ထပ်မတိုးတော့ဘဲ ပြန်ဆုတ်သွားသည့်အပြင် လူသားဒိုင်းကာအဖြင့်ဖမ်းဆီးထားသည့် ဒေသခံများကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိ ရေးမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်တပ်စစ်ကြောင်းတို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုများထံမှ သိရသည်။