Home သတင်း ကော့ကရိတ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုး ရွာ ၂၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ နီးပါး စစ်ရှောင်

ကော့ကရိတ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုး ရွာ ၂၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ နီးပါး စစ်ရှောင်

451
Photo: CJ

အောက်တိုဘာ ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် မြောက်ပိုင်း မြပတိုင်ရွာလမ်းကြောင်းမှ ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာသည့် အတွက် ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်ဟု ဒေသတွင်း တော်လှန်ရေးတပ် ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ ဝင် တစ်ဦးက ပြောသည်။

ဒေသတွင်းအခြေစိုက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA၊ မဟာမိတ် ပူးပေါင်းတပ်များ နှင့် စစ်အုပ်စု ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေ၍ ယခုလို ရွာ ၂၀ ကျော် စစ်ရှောင်နေရခြင်း ဖြစ်သည် ဟု တော်လှန်ရေးတပ် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

” စစ်ကတိုက် နေတာ နေ့တိုင်း အခု ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ နောင်တပွဲ၊ နောင်ကိုင်း အကုန် ရွှေ့ပြေး ကုန်ပြီ။ နဘူး၊ မြပတိုင်က‌နေ အခု ဒီဘက်အထိဆို ရွာ ၂၀ ကျော် ပေါ့ လူတော့ သုံးသောင်း နီးပါး ရှိမယ်။ စားစရာ နေစရာ မရှိဘူး။ ကြုံသလို ခြံထဲမှာ နေရတယ်။ ရွာလည်းပြန် မရဲ ကြဘူး၊ ခြံ တွေထဲ နေတဲ့သူတွေ စစ်ကြောင်း ‌‌‌‌‌‌‌နဲ့ တွေ့ရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေရာကို ရိုက်ပြီးမေးတယ်၊ ရွာမှာ ဘုန်းကြီးတွေပါ စစ် ရှောင် နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြပတိုင်၊ နောင်ထပ္ပံ၊‌ နောင်တပွဲ၊ နောင်မိ၊ ကော့ဖန်းရပ်၊ နဘူး၊ ရင်ကွဲ တောင်ကားလမ်းပိုင်း တစ် လျှောက် ကျေးရွာ များ အား စစ်အုပ်စုက မြို့ပေါ် ဘက်သို့ သွားလာခွင့် ပိတ်ပင်ထားသည့် အတွက်စစ် ဘေးရှောင်မရဘဲ ကျေးရွာ များထဲ တွင် ပိတ်မိ နေသူများလည်း ရှိ နေကြောင်း သိရှိရပါသည်။

Photo: CJ

ယခုအောက်တိုဘာ ၂၀ ရက်နောက်ပိုင်းမှ ၂၆ ရက်အထိ စစ်အုပ်စုက ကော့ကရိတ်မြောက်ပိုင်း ကျေးရွာချင်း ဆက် လမ်းပိုင်းတစ်လျှောက် နယ်မြေ ထိမ်းချုပ် နိုင်ရန် DKBA ဗိုလ်ဘိ၊ BGF တပ်၊ ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ များအား စစ်တပ်နှင့်ပူး ပေါင်းခိုင်းကာ လမ်းပြစစ်ကူ ခေါ် ဆောင်ပြီးအင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

” တိုက်နေတာကတော့ PC (ငြိမ်းချမ်းရေးကောင်စီ ) ၇၇၇ ဗျူဟာ ထိမ်းချုပ်တဲ့ ရွာတွေဆိုတော့ စစ်တပ်က PC နယ်မြေတပ်ဖွဲ့တွေကိုလမ်းပြခေါ်ပြီးစစ်ကြောင်းတက်တယ်။ BGF / DKBA တွေကလည်း စစ်ကူ ပါတယ်။ ဆိုတော့တိုက်ပွဲတိုက်ရတာတော့ အခက်အခဲရှိတယ်၊ ဒါပေမယ့် နေ့တိုင်းတော့တိုက် နေတာဘဲ မတတ်နိုင်ဘူး” ဟု ရှေ့တန်းသတင်းအရင်း အမြစ်က ပြောသည်။

လက်ရှိ အောက်တိုဘာ ၂၇ ရက်အထိ့ ထီးဖိုးစံ၊ မြပတိုင်၊ ရန်ကုတ်၊ ကြောင်လျှာကုန်း ၊ ကွီ‌မောင်တိုင် ကျေးရွာ ဘက်တွက် စစ်အုပ်စုစစ်ကြောင်းများ နှင့် KNLA မဟာမိတ်တပ်များ တိုက်ပွဲ ၃ နေရာခန့် ဆက် ဖြစ် ပွား နေကြောင်း သိရသည်။