Home သတင်း သိန်းခွန်ရွာတိုက်ပွဲ စစ်တပ်က ၂ ဦး‌သေ လက်နက်များ KNU သိမ်းဆည်းရရှိ

သိန်းခွန်ရွာတိုက်ပွဲ စစ်တပ်က ၂ ဦး‌သေ လက်နက်များ KNU သိမ်းဆည်းရရှိ

751
Photo: KNU

စက်တင်ဘာ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်ကျေး ရွာ၌ စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်က ၂ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်း ရရှိခဲ့သည်ဟု ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ တပ်မဟာ (၄)၊ မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထား သည်။

အဆိုပါ ဖြစ်စဉ်သည် သိန်းခွန်ရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ တပ်ဖွဲ့ဝင်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်တပ်က ၂ ဦး သေဆုံး ခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် MA1-(၁)လက်၊MA3-(၁)လက်၊ လက်ပစ်ဗုံး(၁)လုံးနှင့် ကျည်ဆံ ၁၀၀ ထောင့်၊ တို့ကို သိမ်းဆည်းရမိခဲ့ သည်ဟု KNU ထံမှ သိရသည်။

လက်ရှိ စစ်တပ်က မောတောင် လမ်းပိုင်းတလျောက် စစ်ကြောင်းထိုးလာပြီး လမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီး ပတ်ဝန်းကျင်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး လက်နက် ၃ လက် ရရှိခဲ့ သည်ဟု သိရသည်။