စက်တင်ဘာ ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ တောင်ဘက်ရှိ မင်းလက်ပံ စာသင်ကျောင်းကို ယနေ့ စက်တင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်တပ်က အသေခံ ကာမီကာဇီ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ ဒီမနက် မင်းလက်ပံ စာသင်ကျောင်းကို စစ်တပ်က ကာမီကာဇီဒရုန်းနဲ့ တိုက်ခိုက်တယ်။ ကျောင်းပိတ်ထားတော့ အထိအခိုက်မရှိဘူး။ ကျောင်းဆောင်ထိ ခိုက်ပျက်စီးသွားတယ်” ဟု အဆိုပါ ရွာအနီးရှိ ဖလူးစစ်ရှောင်စခန်း တာဝန်ရှိသူက ပြောသည်။
စစ်တပ်က လေးကေကော် အနီးတဝိုက်ရှိ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းများ စက်တင်ဘာ လကုန်ပိုင်းတွင် ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။



















