Home သတင်း ကုန်တင်ယာဉ်များကို လာဘ်ယူလွှတ်ပေး၍ ရတခ ဒုတိုင်းမှူးအပါ ၂၀ ဦးကျော် စစ်ဆေးခံနေရဟု သတင်းထွက်

ကုန်တင်ယာဉ်များကို လာဘ်ယူလွှတ်ပေး၍ ရတခ ဒုတိုင်းမှူးအပါ ၂၀ ဦးကျော် စစ်ဆေးခံနေရဟု သတင်းထွက်

1026
Photo: CJ

ဩဂုတ် ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့မှ တရားမဝင် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များကို ဖားအံမြို့၊ သံလွင်မြစ်စစ်ဆေးရေးဂိတ်၌ လာဘ်ယူလွှတ်ပေးသည့်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိုင်း မှူး အပါအဝင် ကရင်နှင့် မွန်ပြည်နယ်မှ ဝန်ထမ်း ၂၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ် လျက်ရှိသည်။

တန်ဖိုးကြီး ကုန်ပစ္စည်းတင်ယာဉ် အစီး ၁၀၀ ကျော်ကို ဇူလိုင် ၁၀ မှ ၂၀ ရက်အတွင်း လာဘ်ယူ လွှတ်ပေးသည်ဟု တိုင်းတန်းခံရ၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင် ယခုလို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟု ဖားအံမြို့ခံ စစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ သိတာကတော့ ယာဉ်ထိန်းကနေ ရဲမှူး၊ အကောက်ခွန်မှူးနဲ့ ဒုတိုင်းမှူးအထိ ငြှိသွားတယ်။ သူတို့က ဖားအံ တပ်မ-၂၂ မှာ တွဲဘက်လာထိုင်နေတာ၊ ဒုတိုင်းမှူးက ကုန်သည်တွေနဲ့ ညှိပြီးကားတွေကို ထုတ်သွားတာ ပြည်နယ် နလက ကတိုင်တော့ ဖမ်းခိုင်းတာ။ ကုန်သည်တွေ၊ ကုန်ကားတွေကိုပါ ပြန်ရှာ ဖမ်းခိုင်းတယ်။ မော်လ မြိုင်၊ သံလွင်တံတားဂိတ်က လူတွေရောဆိုရင် ၂၀ ကျော်တယ်။ စံခုံဖွဲ့ စစ်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဇူလိုင် ၃၀ ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရားမဝင် ကုန်သွယ်မှု တိုက် ဖျက်ရေး ကော်မတီအစည်းအဝေးတွင် ဒုစစ်ခေါင်းဆောင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွင် ပါဝင် သည့်ဝန်ထမ်းများကို အရေးယူမည်ဟု ပြောဆိုထားသည်။

Photo: CJ

ယခုလို တရားမဝင် ကုန်သွယ်မှုများကိုဖမ်းရန် ညွှန်ကြားနေမှုကြောင့် ကရင်နှင့် မွန် ပြည်နယ်တွင် ကုန် သယ်ဆောင်မှုများကို စစ်ဆေးဖမ်းဆီးရန် လုပ်ဆောင်နေသည်ဟု ကုန်စည်ကား အငှားသယ်ဆောင်သည့် လုပ်ငန်း ရှင်တစ်ဦးက ယခုလို ပြောသည်။

“အခု ကုန်ကားတွေကို ကုန်းလမ်းအပြင် ရေလမ်းကပါ ကင်းချဖမ်းမယ်လို့ သိရတယ်။ လက်နက် ကိုင်အဖွဲ့ ခေါင်း စဉ်နဲ့လည်း ပစ္စည်းသယ်တာမရတော့ဘူး။ ပေးမဖြတ်ဘူး။ ခရီးသည်တင် Express ကားတွေကိုလည်း ပစ္စည်း တင်မရတော့ဘူး။ သံလွင်တံတားဂိတ်မှာ ခွင့်မပြုတော့ဘူး” ဟု ၎င်းက ပြောသည်။

ယခုလို တရားမဝင် ကုန်စည်တင်ယာဉ်များ ဆက်တိုက် ဖမ်းဆီးနေ၍ မြဝတီမြို့ရှိ ထိုင်းကုန်စည်သည် ယာဉ်များ ကုန်သည်မှုရပ်နားထားပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်များကို တနိုင် တစ်ပိုင် လမ်းကြောင်းရှာ သယ်ယူနေသည်ဟု မြဝတီရှိ ယာဉ်မောင်းများထံမှ သိရသည်။