သြဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ချေန်ထလေဝီထီရာကွန်အစိုးရ စာသင်ကျောင်းတွင် မြန်မာကျောင်းသူပါဝင်သောအုပ်စုက ထိုင်းကျောင်းသူတစ်ဦးကို ထိခိုက်ဒဏ်ရာရရှိသည်အထိ အနိုင်ကျင့်ခဲ့မှုဖြစ်စဥ်အတွင်း သက်ဆိုင်သူ တာဝန်ခံနိုင်ရေး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးအဖွဲ့မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၅)ရက်နေ့က အဆိုပါစာသင်ကျောင်း၊ အိမ်သာအတွင်း...