ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၅)ကျေးရွာ၊ စာသင်ကျောင်းအနီး ယနေ့ ဩဂုတ်လ(၁၉)ရက်နေ့တွင် စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၁)ဦးသေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ်နေ သတင်းအရင်းအမြစ်များမှ ကနဦးသိရသည်။
ယနေ့ နံနက် (၁၀)နာရီဝန်းကျင်နှင့်(၁၂)နာရီဝန်းကျင်တွင် စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်၍...