Home သတင်း ငလျင်ဘေးသင့်သူများအတွက် လက်မှု၊ လက်ချုပ်ထုတ်ကုန်စျေးရောင်းပွဲတော် Resilient Women’s Creative Network အဖွဲ့ ပြုလုပ်

ငလျင်ဘေးသင့်သူများအတွက် လက်မှု၊ လက်ချုပ်ထုတ်ကုန်စျေးရောင်းပွဲတော် Resilient Women’s Creative Network အဖွဲ့ ပြုလုပ်

544

ဧပြီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည်အတွင်း ငလျင်ဘေးဒဏ်သင့်သူများအား လှူဒါန်းသွားရန် ရည်ရွယ်ပြီး ထိုင်း-မြန်မာ နယ်စပ်ရောက် မြန်မာအမျိုးသမီးအစုအဖွဲ့များ စုပေါင်းလုပ်ဆောင်နေသည့် Resilient Women’s Creative Network အဖွဲ့၏ လက်မှု၊ လက်ချုပ် ထုတ်ကုန်များစျေးရောင်းပွဲအစီအစဉ်ကို ယနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် စတင်ကျင်းပနေကြောင်း သိရသည်။

မြန်မာအများစု သွားလာစားသောက်လည်ပတ်သည့် နေရာများနှင့် စားဖွယ်စုံရောင်းချသည့် ဈေးဆိုင် နေရာများတွင် အမျိုးသမီးများ၏ လက်မှု၊ လက်ချုပ်အမှတ်တရ ပစ္စည်းဆိုင်များကို ခင်းကျင်းရောင်းချ နေကြခြင်းဖြစ်ပြီး ရရှိလာသောငွေကို ငလျင်ဘေးဒဏ်သင့်ဒေသများသို့ လှူဒါန်းမည့် အစီအစဉ်နှင့် ပတ်သက်ပြီး အမျိုးသမီးလက်မှုအတတ်သင်တန်း ဆရာမ မဇာလီက ယခုလို ပြောသည်။

“သူများတွေ လှူသလို လှူလိုက်ချင်တယ်။ ဒါပေမဲ့ လှူနိုင်တဲ့ အခြေနေမရှိဘူးဆိုတော့ ညီမတို့ တတ် နိုင်တဲ့ကို တတ်ကျွမ်းထားတဲ့ ဟာလေးတွေ ညီမတို့ အကောင်းဆုံး လုပ်ကြမယ်ပေါ့ ။ လုပ်ကြပြီးတော့ ဒီက ရတဲ့ဟာလေးတွေကို လှူကြမယ်ဆိုပြီတော့ တိုင်ပင်ပြီးတော့ ဒါလေးဖြစ်လာတာပေါ့နော်” ဟု မဇာလီက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ Resilient Women’s Creative Network ကို စစ်အာဏာရှင် တော်လှန်ရေးအတွက် ပါဝင်ခဲ့ ကြသည့် အမျိုးသမီးများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဝန်ထမ်းနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများမှ ရရှိခံစားနေရသည့် စိတ်ဖိစီးမှုများ လျော့ပါးသက်သာစေရန် အိမ်တွင်းမှု အတတ် ပညာ များဖြစ်သော လက်မှု၊ လက်ချုပ်အတတ်များကို စုဖွဲ့သင်ကြားတတ်မြာက်ကြပြီးနောက် ထုတ်ကုန်များထုတ်လုပ်ရောင်းချနေသူများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုရန်ပုံငွေဈေးရာင်းပွဲကို ယနေ့ ဧပြီ ၁ ရက်နေ့တွင် မဲဆောက် Blue Pond ကော်ဖီဆိုင်နေရာ၊ MOM ( Memories of Maesot ) ၊ ဒုတိယနေ့ကို Home me Noddle စားဖွယ်စုံဆိုင်၊ Escape Bar နေရာနှင့် တတိယနေ့ကို Little Burma စားဖွယ်စုံခြံ နှင့် Relax Bar နေရာများတွင် ခင်းကျင်းရောင်းချသွားမည်ဟု သိရသည်။