Home သတင်း ငလျင်ကြောင့် ဘန်ကောက်ဆောက်လုပ်ဆဲ တိုက်ပြိုကျမှု မြန်မာလုပ်သား ၂၄ ဦးပျောက်ဆုံးနေ

ငလျင်ကြောင့် ဘန်ကောက်ဆောက်လုပ်ဆဲ တိုက်ပြိုကျမှု မြန်မာလုပ်သား ၂၄ ဦးပျောက်ဆုံးနေ

701
Photo: Bangkok Post

ဧပြီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ် ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်စဉ်က ဆောက်လုပ်ဆဲ အထပ်မြင့် တိုက်ပြိုကျမှု ဖြစ်စဉ်၌ မြန်မာရွှေ့ပြောင်း အလုပ်သများ ၂၄ ဦးပျောက်ဆုံးနေသည်ဟု ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဧပြီ ၁ ရက်နေ့ထိ ၈၃ ဦးပျေက်ဆုံးနေပြီး ၎င်းတို့ထဲ၌ ထိုင်းနိုင်ငံသား ၅၅ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၂၄ ဦးနှင့် လာအို နိုင်ငံသား တစ်ဦး ပါဝင်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဆောက်လုပ်နေသည့် ငွေစာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် သေဆုံးခဲ့သူ ရွှေ့ပြောင်းလုပ်သား ၁၄ ဦး အထိ ရှိနေပြီး ၎င်းထဲတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU စနစ်ဖြင့် လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၃ ဦး ပါဝင်နေကြောင်း သိရသည်။

ယခုလိုပြိုကျပျက်စီးမှုအတွင်း သေဆုံးသွားသည့်သူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကျန်ရှိနေသူတွေကို အမြန်ဆုံး ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင် သွားမည် ဖြစ်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ပြောသည်။

ထိုအပြင် ငလျင်ကြောင့် ဆောက်လုပ်ဆဲ တိုက်ပြိုကျမှု ဖြစ်စဉ်သို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ဧပြီ ၁ ရက်နေ့တွင် လာရောက် ကြည့်ရှု၊ စစ်ဆေးလမ်းညွှန်ခဲ့သည်ဟု မီဒီယာများ၌ သတင်းဖော်ပြထားသည်။