Home သတင်း အမျိုးသမီးများ၏ ပန်းချီ၊ လက်မှု ထုတ်ကုန် ပြပွဲပြုလုပ်

အမျိုးသမီးများ၏ ပန်းချီ၊ လက်မှု ထုတ်ကုန် ပြပွဲပြုလုပ်

751

မတ် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထမ်းအမှတ် အမျိုးသမီးများ၏ ပန်းချီ၊ လက်မှု ထုတ်ကုန်ပြပွဲကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ BORDER LINE ပန်းချီ အနုပညာခန်းမ၌ မတ် ၈ ရက်နေ့မှ ပြုလုပ်လျက်ရှိသည်။

အဆိုပါ အမျိုးသမီးများ၏ လက်မှု ပြပွဲကို မဲဆောက်မြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် အမျိုးသမီး ၂၀ ဦး ကျော်က စုပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ပြပွဲ၌ ပန်းချီ၊ လက်မှုနှင့် အမှတ်တရ ပစ္စည်းများကို ထိုင်း ဘတ်ငွေနှင့် အမေရိကန် ဒေါ်လာတို့ဖြင့် ရောင်းချခဲ့သည်ဟု ပြပွဲစီစဉ်သူများနှင့် ပြပွဲသို့ သွားရောက်ခဲ့သူတို့က ပြောသည်။

အမျိုးသမီးများ၏ ပန်းချီ၊ လက်မှု ပြပွဲတွင် သားသည်မိခင်တို့၏ ဘဝ၊ စစ်ရှောင်အမျိုးသမီးများ၏ အခြေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု စသည်တို့ကို ထင်ဟပ်သည့် ပန်းချီများ၊
အမှတ်တရ ပစ္စည်းများ ပြသခဲ့သည်ဟု ပွဲ စီစဉ်သူများထံမှ သိရသည်။