Home သတင်း မဲဆောက်မြို့ရှိ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၏ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ

မဲဆောက်မြို့ရှိ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၏ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ

671

ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၏ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ယနေ့ အခမ်းအနားသို့ ခွဲကဘောင်ကျောင်းဆောင်သစ်နှင့် ကျောင်းနေရာအတွက် အဓိက လှူဒါန်းပေးခဲ့သော ဆရာတော် Luang Por Prida Phabhatharo၊ အထင်ကရ ဆရာတော်ကြီးများနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့် မဲဆောက်ဒေသရောက် ကရင်တိုင်းရင်းသားလူမျိုးများ အပါအဝင် လူပေါင်း ထောင်ချီတက်ရောက်လာခဲ့ကြသည်။

ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ထိုင်းနိုင်ငံတော် အလံတင်ခြင်း၊ ကြွရောက်လာသော ဆရာတော်ကြီးများမှ ပူဖောင်းလွှတ်တင်ခြင်း၊ တရားနာခြင်းနှင့် ကရင်ရိုးရာ ဒုံးအက ဖျော်ဖြေကပြခြင်း၊ ထိုင်းရိုးရာအကများဖြင့် တင်ဆက်ကပြခြင်းနှင့် တက်ရောက်လာသည့် ကရင်တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။

ထို့အပြင် ကျောင်းဆောင်သစ်အခမ်းအနား အထိမ်းအမှတ်အလှူပွဲအနေဖြင့် ဒေသခံ ထိုင်းလုပ်ငန်းရှင်နှင့် ကရင်တိုင်းရင်းသားလုပ်ငန်းရှင်မှ အစားအသောက်မျိုးစုံ ကျွေးမွေးဧည့်ခံခြင်းနှင့် ဆန်အိတ်လှူဒါန်းပေးသည့် အစီအစဉ်များလည်း လုပ်ဆောင်ခဲ့သည်။

မဲဆောက်မြို့ ၊ မယ်တောင် ရပ်ကွက် (၃) ရပ်ကွက်တွင် တည်ရှိသည့် အဆိုပါ ခွဲကဘောင်ကျောင်း၏ ကျောင်းဆောင်သစ်ကို ထိုင်းဆရာတော် Luang Por Prida Phabhatharo ၏ ကူညီပံ့ပိုးမှုဖြင့် မြေနေရာကို ဝယ်ယူပြီး ဘတ်ငွေ ၇ သန်း အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။