Home သတင်း မိုးကုတ် ဗုံးကြဲခံရမှု ၅ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

မိုးကုတ် ဗုံးကြဲခံရမှု ၅ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

602

ဖော်ဖော်ဝါရီ ၁၀ရက်၊ ၂၀၂၅။ ကေအိုင်စီ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိသွားသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က ထုတ်ပြန်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံများအားဦးတည် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း၊ လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ထုတ်ပြန်ပြောဆိုထား သည်။

အဆိုပါ မိုးကုတ်မြို့ကို TNLA နှင့် မဟာမိတ်များက ၁၀၂၇ စစ်ဆင်းရေးဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။