စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ယခု စက်တင်ဘာလအတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ထိန်းချုပ်နယ်မြေအတွင်းသို့ နေရာရွှေ့ပြောင်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ဖလူး-ဝေါလေ လမ်းပိုင်းရှိ ကဆောဝါးလေးတောင်၊ ကျော်ဝါးဘိုးတောင်နှင့် ရဲကုန်းစခန်း...