Home သတင်း ကရင်အဆိုတော် စောအယ်စေးမှူး ရုပ်အလောင်း မဲဆောက်သို့ ပြန်သယ်

ကရင်အဆိုတော် စောအယ်စေးမှူး ရုပ်အလောင်း မဲဆောက်သို့ ပြန်သယ်

902
Photo: Social Media

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကွယ်လွန်သွားသူ ကရင်အဆိုတော် စောအယ်စေးမှူး၏ ရုပ်ကလပ်ကို နယ်စပ်၊ မဲဆောက်မြို့သို့ ယနေ့ ပြန်လည်သယ်ဆောင်လာသည်ဟု နီးစပ်သူ မိတ်ဆွေများက ပြောသည်။

၎င်း၏ ရုပ်ကလပ်ကို မဲဆောက်မြို့ ဆာသူးလေ အထက်တန်းကျောင်း၌ ထားရှိပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရုပ်အလောင်း အခမ်းအနားပြုလုပ်သွားမည်ဖြစ်သည်။

“သူ့ရဲ့နောက်ဆုံးခရီးကို နီးစပ်သူတွေ ပို့ဆောင်နိုင်ဖို့ မဲဆောက်မြို့ကိုသယ်လာပြီး။ သယ်ဆောင်ဖို့ သံရုံးကို တင်ပြ ရတာရှိတော့ အရင်ရက်က တနင်္ဂနွေဖြစ်တော့ ဒီနေ့မှသံရုံးမှာခွင့်ပြုချက်ရလို့ ပြန်သယ်လာတယ်။ အားလုံး လာနှုတ်ဆက် လို့ရအောင် ဆာသူးလေကျောင်းမှာ ထားမယ်။ ခရစ်ယာန်ထုံးထမ်းအစဉ်လာအရ အဲမှာဝတ်ပြုဆု တောင်းပွဲလုပ်မယ် သူ့ပရိဿတ်တွေအဲမှာ လာနှုတ်ဆက်လို့ရတယ်” ဟု နီးစပ်သူ မိတ်ဆွေတဦးက ပြောသည်။

စောအယ်စေးမှူးသည် Galaxy Star Myanmar ၂၀၁၇ ပြိုင်ပွဲတွင်မှစ၍ လူသိများသော အဆိုတော်တစ်ဦး ဖြစ်လာ ပြီး၊ မြန်မာသီချင်းအပါအဝင် ကရင်သီချင်းအမြောက်အများလည်း ထုတ်လုပ်သီဆိုခဲ့ကာ ပရိဿတ် အခိုင်အမာ ရရှိသည့် အဆိုတော်တစ်ဦးလည်းဖြစ်သည်။ သူသည် ကော့ကရိတ်မြို့နယ် ဇာတိဖြစ်ပြီး မွေးချင်းမောင်နှမ ၃ ဦးရှိ ကာ သေဆုံးချိန်တွင် အသက် ၃၁ နှစ် သာရှိသေးကြောင်းသိရသည်။