Home သတင်း ထိုင်း-မြန်မာ နယ်စပ်တွင် ပျောက်ဆုံးသွားသည့် တရုတ်မော်ဒယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြန်တွေ့

ထိုင်း-မြန်မာ နယ်စပ်တွင် ပျောက်ဆုံးသွားသည့် တရုတ်မော်ဒယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြန်တွေ့

1117
Photo-Internet

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်ပျောက်ဆုံးသွားသည့် တရုတ်မော်ဒယ် အမျိုးသား တစ်ဦးနှင့် တရုတ်အမျိုးသမီး ၂ ဦးကို ပြန်လည်တွေ့ရှိပြီးဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများထံမှ သိရ သည်ဟု ဇန်နဝါရီ ၁၂ ရက်နေ့တွင် နိုင်ငံတကာသတင်းများ၌ ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ တရုတ်မော်ဒယ် ယန်ဇီကီကို မြန်မာနိုင်ငံ မြဝတီမြို့တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ငွေကြေးတစ်စုံ တစ်ရာ ဖြင့် ပြန်ရွေးစရာမလိုဘဲ မကြာမီ ပြန်လွှတ်ပေးတော့မည်ဖြစ်ကြောင်း သိရ သည်ဟု ဟောင်ကောင်သတင်းဌာန Dim Sum Daily ၏ သတင်း၌ ဖော်ပြထားသည်။

တရုတ်မော်ဒယ် ယန်ဇီကီသည် ရိုက်ကူးရေး ပရောဂျက်တစ်ခုအတွက် ထိုင်းနိုင်ငံသို့ သွား ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဘန်ကောက်သို့ ရောက်ရှိခဲ့သည်။ ထိုနောက် သူငယ်ချင်းများထံ အခက်အခဲကြုံတွေ့နေသည့် မက်ဆေ့ချ်တွေ ပေးပို့ခဲ့ပြီး နောက်ပိုင်းတွင် အဆက်အသွယ်လုံး၀ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒီဇင်ဘာ ၂၉ ရက်တွင် မိခင်နှင့် အွန်လိုင်း ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီး ထင်ရှားသည့် ထိခိုက်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရကာ မိသားစုက ယန်အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်သံရုံးတို့ကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

တရုတ်မော်ဒယ်ယန်ဇီကီသည် ရိုက်ကူးရေး ပရောဂျက်တစ်ခုအတွက် ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ယခုလို အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခြင်းကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဇန်နဝါရီ ၇ ရက်နေ့တွင်ရောက်ရှိလာပြီး မိသားစုနှင့် အဆက်အသွယ်မရ ပျေက်ဆုံးသွားသူ တရုတ်နိုင်ငံသူ ဝူကျာကျီနှင့် သူငယ်ချင်း မိန်းကလေးတစ်ဦးတို့ကို ပြန်တွေ့ပြီးဖြစ်ကာ နေရပ်သို့ ပြန် ပို့လိုက်ပြီးဖြစ်သည်ဟု အကြီးတန်းရဲအရာရှိ တစ်ဦးက ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

အဆိုပါ တရုတ်အမျိုးသမီး ဝူကျာကျီသည် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် တတိယနိုင်ငံသို့ ထွက်ခွာ သွားသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရပြီးနောက်ရှာဖွေကာ ယခုလိုမိသားစုထံ ပြန်ပို့ ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

ဝူကျာကျီကို ပြန်တွေ့ပြီးဖြစ်သည့်အတွက် ဖခင်ဖြစ်သူက သုဝဏ္ဏဘူမိလေဆိပ်ရဲတပ်ဖွဲ့ထံ တိုင်းကြား ထားမှုကို ပြန်ရုပ်သိမ်းသွားပြီးဖြစ်သလို ၎င်းတို့အား မည်သည့်နေရာတွင် ပြန်တွေ့သည်ကိုမူ သတင်းဖော်ပြထားခြင်းမရှိကြောင်း သိရသည်။