အောက်တိုဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နိုင်ငံရေးဆွေးနွေးမှုနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်-NCA အတိုင်း အလျော့အတင်း အပေးအယူမျှမျှဖြင့် ဆက်သွားကြရန် လက်ရှိစစ်အုပ်စုနှင့်စစ်ပွဲမဖြစ်ဘဲ ဆက်ဆံရေးတည်ဆောက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောသည်။
ယမန်နေ့ အောက်တိုဘာ(၁၅)ရက်နေ့က နေပြည်တော်နယ်မြေတွင်ပြုလုပ်သော NCA (၁၁)နှစ်ပြည့်အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ပွဲတက်ရောက်လာကြသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက...