ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို ပေါ်တာ (အဓမ္မစစ်မှုထမ်းရန်) ဖမ်းဆီးခေါ်ဆောင်နေသည်ဟူသော သတင်းများကြောင့် ယာဉ်မောင်းအချို့မှာ လုံခြုံရေးအရ အဆိုပါလမ်းမကြီးကို ရှောင်ရှားကာ တောလမ်းများသို့ ပြောင်းလဲမောင်းနှင်နေရကြောင်း သိရသည်။
လက်ရှိတွင် အာရှလမ်းမကြီးကို အသုံးပြုနေသည့် ခရီးသည်တင်ယာဉ်များပေါ်မှ...