Home သတင်း DKBA ခေါင်းဆောင်တစ်ချို့တာဝန် တိုးပေးခံရ

DKBA ခေါင်းဆောင်တစ်ချို့တာဝန် တိုးပေးခံရ

1186

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို တာဝန်တိုးပေးခဲ့သည်ဟု ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ပြောသည်။

အဆိုပါ တာဝန်တိုးပေးခြင်းခံရသူများမှာ DKBA ကလို့ထူး‌ဘော ဗဟိုစစ်ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဒုတိယစစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ရန် DKBA ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်း အဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက်အရ ယခုလို တာဝန်တိုး ပေးခဲ့ခြင်းဖြစ်သည်။

အလားတူ DKBA ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိ ချုပ် တာဝန်ကို အဆိုပါအစည်းအဝေးတွင်တိုးပေးခဲ့သည်။ ထို့အပြင် ဒုတိယစစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စောတာ့ခူးကို ဗဟိုအကြံပေးနာယကအဖြစ် တာဝန်ပေးလိုက်သည်ဟု အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အရ ကနဦးသိရသည်။