Home သတင်း စစ်ကောင်စီကြောင့် သုံးလအတွင်း အမျိုးသမီး ၁၅၀ ဦး သေဆုံးဟု AAPP ပြော

စစ်ကောင်စီကြောင့် သုံးလအတွင်း အမျိုးသမီး ၁၅၀ ဦး သေဆုံးဟု AAPP ပြော

156
Photo: Social Media

ဒီဇင်ဘာ ၅၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာလကုန်ထိ သုံးလအတွင်း နိုင်ငံတစ်ဝှမ်း လုံး၌ အမျိုးသမီး ၁၅၀ ဦးကျော်သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေး အသင်း- AAPP က ဒီဇင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

ယခုလို အမျိုးသမီးများ သေဆုံးရခြင်းမှာ စစ်ကောင်စီက ပြည်သူများကို အကြောက်အတရားဖြင့် အုပ်ချုပ်ခြင် သောကြောင့် ယခုလို သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု မြန်မာအမျိုးသမီး သမဂ္ဂ Burmese Women’s Union (BWU)၊ တွဲဖတ်အတွင်းရေးမှူး မဝေက ယခုလို သုံးသပ်ပြောဆိုသည်။

“အခုလို စစ်ကောင်စီက ပြည်သူတွေအပေါ်သာမကဘဲ အမျိုးသမီးတွေအပေါ်မှာ အကြောက်တရားတွေနဲ့ အုပ်ချုပ်ခြင်တယ်။ အဲ့လိုလုပ်မှဘဲ ပြည်သူတွေက သူတို့ကိုကြောက်မယ်၊ အဲ့လိုတွေကြောင့် အခုလိုအကြောင်းမဲ့ သတ်ဖြတ်ပြနေတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်” ဟု ကေအိုင်စီသို့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြောသည်။

ထို့အပြင် သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၀၇ ဦးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အများစုသေဆုံးခဲ့သလို အမျိုးသမီး ၄၉ ဦးမှာစစ်ကောင်စီ၏ ဖမ်းဆီးခြင်း ကိုခံထားရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် AAPP ကပြုစုထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်း ကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ၆,၀၀၀ ဦးကျော် သေဆုံးခဲ့ရပြီး ပြည်သူ ၂၈,၀၀၀ နီးပါး ဖမ်းဆီး ခံခဲ့ရ သည်။