Home သတင်း စစ်သင်တန်းများ ဆင်းပြီး စစ်ရေးလှုပ်ရှားမည့် သတင်းများဖြစ်ပေါ်နေ၍ ဒေသခံများစိုးရိမ်နေ

စစ်သင်တန်းများ ဆင်းပြီး စစ်ရေးလှုပ်ရှားမည့် သတင်းများဖြစ်ပေါ်နေ၍ ဒေသခံများစိုးရိမ်နေ

1814
Photo: BGF

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့သစ် အခြေစိုက်ထားသည့် ကရင်နယ်ခြားစောင့်တပ် -BGF စခန်း များတွင် တပ်သားသစ် သင်တန်းများ စစ်ရေးလှုပ်ရှားလာမည့် သတင်းများဖြစ်နေသည့်အတွက် ဒေသခံများ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း BGF တပ်ဖွဲ့က တပ်သားသစ် သင်တန်းဆင်း အင်အား ထောင်ချီသည့်စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီးနောက်စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်မည့်သတင်းများထွက်ပေါ် နေသည့်အတွက် ဒေသခံများတိုက်ပွဲများအရှိန်မြင့် ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသရှိသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

မြဝတီ မြို့ခံသတင်း အရင်းအမြစ်တစ်ခက “အခု ၉ ရက်က မဲကနယ်က ဗိုလ်မုတ်သုန် BGF တပ်ရင်းမှာ အမှတ်၄ စစ်ဒေသရဲ့ BGF ၅၅၅/၆၆၆ စစ်ဗျူဟာ ၂ ခုအင်အားတစ်ထောင်ဝန်းကျင် စစ်သင်တန်း ဆင်းပွဲ လုပ်တယ်။ အောက်တိုဘာလ ထဲမှာလည်း စစ်ဒေသ ၃ ရွှေကုက္ကိုလ်မှာ ကွန်မန်ဒို သင်တန်း၊ စစ်သားသစ်သင်တန်းတွေ အပတ်စဉ် ၄ ခုလောက် အင်အားနှစ် ထောင်လောက်ရှိနေပြီးသင်တန်းပြီးကုန်တာ။ အခုကနေရာစုံကိုလူခွဲပြီးတာဝန်ချဂိတ်ချတွေလုပ်နေပြီဆိုတော့ တိုက်ပွဲတွေ တိုက်ကြရမှာမျိုးသတင်း ထွက်နေတယ်။ စိုးရိမ်တာပေါ့ဗျာ တိုက်ပွဲပြန်ဖြစ်ကြမှာ” ဟု သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှစစ်ဗျူဟာမှုးများအမိန့်ဖြင့် ကရင်ပြည်နယ်အတွင်းစစ်တပ်နှင့်ပူး ပေါင်းထားသည့် ကရင်အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နယ်ခြားစာင့်တပ်များက စစ်ကောင်စီအ‌ခြေချစစ်ဗျူဟာများနှင့်ပူးပါင်းပြီး KNLA မဟာမိတ်ပူးပေါင်းတပ်များစစ်ရေးလှုပ်ရှားသည့်နေရာများအား နယ်မြေရှင်းလင်းတိုက်ခိုက်ပေးရမည့် ညွှန်ကြားချက်များထုတ်ပြန်အသိပေးထားကြာင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကပြောသည်။

Photo: BGF

“မြဝတီမှာကစနေနေ့ဆိုပုံမှန်ကင်းပတ်တယ်။ DKBA၊ PC၊ BGFပေါ့၊ကရင်အဖွဲ့ တွေချည်းကင်းလှည့် နေတာကနေအခုတလောမှာကစစ်တပ်ကစစ်ကားကြီး တွေ နဲ့ ပါပါလာတယ်။ စစ်တပ်ပါပေါင်းပြီး ကင်းလှည့်တယ်၊တံတား ၂ ဘက်၊ကုန်သွယ်ရေး ဇုန်ဘက်၊မြို့ထဲဘက်ရောပေါ့ ၊ စစ်တိုင်းမှူးက အသိမ်းခံထားရတဲ့စခန်းတွေကိုကရင်အဖွဲ့တွေကပေါင်းပြီးပြန်တိုက်ကူပေးဖို့ညွှန်ကြားတာတွေရှိနေတယ်၊လုပ်ကြရင်တော့မြဝတီပတ်ခြာလည် တိုက်ပွဲကြီးမယ့်သဘောရှိတယ်လို့ စစ်တပ်ဘက်က ပြောတာတွေကြားနေရတယ် ”လို့ မြဝတီမြို့ခံက ပြောပါသည်။

အဆိုပါ သတင်းများ ထွက်ပေါ် နေမှုနှင့် ပတ်သက်ပြီးမြဝတီမြို့ရှိ ကရင်အပစ်ရပ်လက်နက် ကိုင်တပ်ဖွဲ့ဆက်ဆံရေးရုံးတာဝန်ရှိသူများနှင့် BGF လုံခြုံ ရေး နှင့်စည်းကမ်း ထိန်းသိမ်း ရေးတပ်ဖွဲ့တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။ လတ်တလောအထိ ပြန်လည် ဖြေဆိုတာမျိုးမရရှိသေးပါဘူး။

လက်ရှိမှာတော့ မြဝတီ ကော့ကရိတ် ဆက်သွယ် ထားသည့် အာရှလမ်းသစ်လမ်းပိုင်းနှင့် ကော့ကရိတ် ၊ကျုံဒိုး လမ်း ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များ စစ်ရေးတင်းမာ နေပြီး ဒေါနတောင် လမ်းဟောင်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥ တောင်လမ်း၊ BGF တပ်ရင်း ၁၀၁၈ တပ်ရင်း လမ်း ပိုင်း ၄ ခုမှ ထိုင်း-မြန်မာ ကုန် စည်များသယ်ယူမှုနှင့်ခရီးသွားလာမှုဆက်ရှိနေကြောင်း သိရှိရပါသည်။