ဟန်ပြငြိမ်းချမ်းရေး၏ နောက်ကွယ်က တိတ်ဆိတ်သွားသော စာအံသံများ
သဒါးစိုး
(အောက်တိုဘာ ၆၊ ၂၀၂၆)
စိမ်းလန်းသော သစ်ပင်များ ဝန်းရံထားသည့် တိုက်အဆောက်အအုံများ၏ အစိမ်းနုရောင် သွပ်မိုးများ အားလုံးနီးပါး ဖရိုဖရဲဖြင့် လှန်ထွက်လွှင့်စင်သွားသည်။ အဆောက်အအုံရှေ့က မြေသားနီနီသည်လည်း ထည်ထိုးသကဲ့သို့ ကြေမွ ပြန့်ကျဲနေသည်။
ထိုမြင်ကွင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက...