Home သတင်း အမျိုးသမီးများ လူမှုဘဝဖွံ့ဖြိုးရေး ရွာ ၃၀ ကျော်သို့ TNLA ကွင်းဆင်း ပညာပေး

အမျိုးသမီးများ လူမှုဘဝဖွံ့ဖြိုးရေး ရွာ ၃၀ ကျော်သို့ TNLA ကွင်းဆင်း ပညာပေး

326
Photo: TNLA

အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားသည့် နယ်မြေအတွင်း အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လအတွင်းကျေးရွာပေါင်း ၃၀ ကျော်သို့ လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုများ ပြုလုပ်ခဲ့သည်ဟု TNLA က ယနေ့ ထုတ်ပြန် ပြောသည်။

ယခုလို ကွင်းဆင်းဆွေးနွေးပွဲများတွင် အမျိုးသမီးများနှင့် ပတ်သက်သည့် အမျိုးသမီးနှင့် ပညာရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း၊ အမျိုးသမီးများနှင့် ပျော်ရွှင်သော မိသားစု၊ အမျိုးသမီးနှင့် ကျန်းမာ ရေး၊ အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးများ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ပြုခြင်းစသည့် အကြောင်းအရာများအား တာဝန်ရှိသူများက အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်ဟု TNLA က ပြောသည်။

ထို့အပြင် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့် အမျိုးသမီး အသီးသီးတို့က သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးရာ TNLA အမျိုး သမီးဖွံ့ဖြိုးတိုး တက်ရေးဌာန တာဝန်ရှိသူများမှ အသေးစိတ် ပြန်လည် ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုလို ကွင်းဆင်း အသိပညာပေးခြင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ် (၄)မြို့နယ်မှ ကျေးရွာပေါင်း ၃၀ အတွင်းနေထိုင်သည့် ဒေသခံပြည်သူများကို အဓိက ကွင်းဆင်းတွေ့ဆုံခဲ့ပြီး အသိပညာပေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု လျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ် စီးဆင်းမှု လုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။