မေ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ဘက်သို့ ပြီးခဲ့သည့် မေလ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်အုပ်စုက ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းအများအပြားကို နေ့စဥ်ပို့ဆောင်မှုရှိခဲ့သည်ဟု ကျုံဒိုးဒေသခံများပြောပြချက်အရ သိရသည်။
ကျုံဒိုး မြို့ ပေါ်ရှိ စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ သို့...