Home သတင်း ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း ရေးဘီလူးအဖွဲ့ ထုတ်ပြန်

ရေးမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း ရေးဘီလူးအဖွဲ့ ထုတ်ပြန်

702
Photo: ရေးဘီလူးအဖွဲ့

ဇွန်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ မြို့မရဲစခန်းမှဒုတပ်ကြပ် ရဲထက်ပိုင်သည် ယနေ့ဇွန်လ ၂၆ ရက်နေ့တွင် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးတပ်ဖွဲ့ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရေးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်ပိုင်နံပါတ် လ-၂၈၃၂၆၉ ဒုတပ်ကြပ်သည် ၎င်းကိုင်ဆောင်ထားသော AK 47 တလက်၊ 7.62.ကျည် 60 ကျည်ဘောက် ၂ ခုစသည့် လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်ရောက်ခဲ့ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလိုပြောသည်။

၎င်းက “ မွန်ပြည်နယ် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ကြပ်ရဲတစ်ဦး ကျနော်တို့ထံ အလင်းဝင်လာတယ်။ သူ့ရဲ့ကိုယ်ရေးအချက်အလက်နဲ့လက်နက်တွေကိုတော့ Post မှာတင်ထား ပေးပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ မြို့မရဲစခန်းမှ ပထမ ဦးဆုံး အလင်းဝင်ရောက်လာသူ ဒုတပ်ကြပ် ရဲထက်ပိုင်အား ငွေကျပ်သိန်း ၃၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟုလည်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ တပ်စခန်း၊ ဂိတ်၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီတပ် နှင့် ဆက်နွယ်သူများကို နယ်မြေရှိသက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့က မကြာခဏ ဝင်ရောက် ပစ်ခတ်ရှင်းလင်း မှုများရှိနေသလို လမ်းပိုင်းတချို့ကိုလည်း နယ်မြေစိုးမိုးမှုများ ပြုလုပ်ထားခြင်းကြောင့် စစ်ကောင်စီတပ်အတွက် လူအင်အား၊ ရိက္ခာစသည့် အဖက်ဖက်မှ ခက်ခဲမှုများရှိလာကြောင်းလည်း တော်လှန်ရေးအင်အားစုဘက်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင်လည်း ရေးမြို့နယ်ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေလျင် တပ်ရင်း (ခလရ-၂၉၉) နှင့် မလွဲတောင်ဂိတ်ခစန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့−YGF က သတင်းထုတ်ပြန်ထားခဲ့သေးသည်။