ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယကအဖြစ်မှ နုတ်ထွက်သွားသည့် ခွန်ဥက္ကာ ဦးဆောင်၍ PNLO (NCA-S) အမည်ဖြင့် သီးခြားအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေမှုများသည် မိခင်အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းတို့သည် PNLO ကို တရားဝင်ကိုယ်စားပြုသည့်...