Home သတင်း ကားများကိုကော့ကရိတ်မြို့ တံတားကျိုးဂိတ်မှ ဖြတ်သန်းခွင့်ပေးမည့် ကောလဟလ ထွက်ပေါ်နေ

ကားများကိုကော့ကရိတ်မြို့ တံတားကျိုးဂိတ်မှ ဖြတ်သန်းခွင့်ပေးမည့် ကောလဟလ ထွက်ပေါ်နေ

835
Photo: CJ

ဇွန်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး မြဝတီမြို့သို့ ရွာချင်းဆက်လမ်း၊ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် တော လမ်းများအသုံးပြု သွားလာနေရသည့် မော်တော်ယာဥ်များအား စစ်ကောင်စီက ကော့ကရိတ် တံတားကျိုး ဂိတ်မှ ဖြတ်သန်းခွင့်ပေးမည့် ကောလဟလများ ထွက်ပေါ်နေကြောင်း ယာဥ်မောင်းများထံမှ သိရသည်။

စစ်ကောင်စီတပ်များ ကော့ကရိတ်မြို့တွင်း ပြန်လည်ဝင်ရောက်ထိန်းချုပ်ထားနိုင်သော်လည်း ဖားအံ-မြဝတီ ပြေးဆွဲသည့် မော်တော်ယာဉ်များကို ကော့ကရိတ်မြို့အတွင်း ဖြတ်သန်းသွားလာခွင့်မပေးသေး သောကြောင့် နဘူး-ပိုင်ကျုံလမ်းနှင့် ကျုံဒိုး-မြပတိုင်-ရန်ကုတ်စသည့် လမ်းကျဥ်းမြောင်းသည့် ရွာချင်းဆက် တောလမ်းများ မှတဆင့် အချိန်ကြာမြင့်စွာ ယာဥ်ကြောပိတ်ဆို့ မှုအကြားသွားလာနေရကြောင်း ယာဉ်မောင်း သမားများ က ဆိုသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ ယာဉ်များအနေဖြင့် မြဝတီ-ကော့ကရိတ် တောင်တက်လမ်းဟောင်းပေါ် ပြေးဆွဲ သွားလာနေပြီးဖြစ်သောကြောင့် စစ်ကောင်စီက ယခု ဇွန်လ(၁၈)ရက်နေ့မှစ၍ ကျုံဒိုးမြို့မှ ကော့က ရိတ်မြို့ အထွက်ရှိ တံတားကျိုးရွာ စစ်ကောင်စီဂိတ်ကိုဖြတ်သန်း၍ လမ်းဟောင်းအတိုင်း မြဝတီမြို့သို့ သွားလာ ခွင့်ပေး မည့် ကောလဟလများသည် ယာဥ်မောင်းများအကြား ပေါ်ထွက်လာကြောင်း ဖားအံ-မြဝတီ ယာဥ် မောင်း တစ်ဦးက ပြောသည်။

၎င်းက “အခုက တံတားကျိုးကိုရှောင်တဲ့တောလမ်းကနေ သွားနေရတာ။ ကော့ကရိတ်ဖွင့်မှ တံတားကျိုးပေါက် တာလေ။ လမ်းဟောင်းကနေဆင်း ကော့ကရိတ်ထဲဝင် လှိုင်ဝပြီးမှ တံတားကျိုးရွာရောက်မယ်။ အဲဒီလမ်းဖွင့် မယ်ဆိုပြီး စစ်တပ်က သတင်းလွှင့်ထားတာပဲရှိတယ်။ အခုထိမဖွင့်သေးဘူး။ လက်ရှိကတော့ တံတားကျိုးအထိ မသွားဘဲ မြပတိုင်ကနေသွားကြတယ်” ဟု ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလကစ၍ ကော့ကရိတ်မြို့အတွင်းသို့ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများကိုလည်း မြို့တွင်း ပြန်လာ နေထိုင်ရန် စစ်ကောင်စီက ခေါ်ယူခဲ့ကာ စာသင်ကျောင်းများကိုပါ အတင်းအဓမ္မဖွင့်လှစ်ခိုင်းနေကြောင်း ပြန်လည် ဝင်ရောက်နေထိုင်သူများကဆိုသည်။

Photo: CJ

ယခုလို တံတားကျိုးဂိတ်မှ မောင်းနှင်သွားလာမည့် မော်တော်ယာဥ်များအား ပစ်ခတ်မှုမပြုလုပ်ရန် နှစ်ဖက် တပ်ဖွဲ့အကြား ညှိနှိုင်းမှုလုပ်ဆောင်နေကြောင်း ဒေသခံများနှင့်ယာဥ်မောင်းများ၏ ပြောပြချက်အရ သိရှိရ သော်လည်း ကေအိုင်စီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကော့ကရိတ်ဒေသခံအမျိုးသားတစ်ဦးက “မြဝတီတက်တဲ့ နဘူးလမ်းဘက်ကနေသွားကြတဲ့ ကားတွေကို စစ်တပ်က ကော့ကရိတ်မြို့အထွက်က တံတားကျိုးဂိတ်ကနေ ဖြတ်ခိုင်းမယ်တဲ့။ အဲဒီဂိတ်ကဖြတ်ပြန်ရင်လည်း တောထဲကနေ ထုမယ်ကြားတယ်။ ကားသမားတွေတိုင်ပတ်နေပြီး” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အတူ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေဖြစ်သည့် လမ်းဟောင်းပေါ်မှ အတက်အဆင်းပြုလုပ်သော မော်တော်ယာဥ်များကို စစ်ကောင်စီက စစ်ဆေးမှုပိုမိုလုပ်ဆောင်လေ့ရှိသလို အများပြည်သူ သွားလာနေထိုင် နေသော ရွာချင်းဆက်လမ်းများဘက်သို့လည်း လက်နက်ကြီးခြောက်လှန့်ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင် လေ့ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ယခုလို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပေါ် နယ်ခြားစောင့်တပ်-BGF ဘက် ကလည်း ဖားအံ-ကော့ ကရိတ်-မြဝတီလမ်းများအစား ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မဲသဝေါဒေသ ရှိ မဲသဝေါလမ်းပိုင်းကို ပြောင်းလဲအသုံးပြုနိုင်ရန် KNU အပါအဝင် ထိုင်းနိုင်ငံနှင့်ပါ ညှိနှိုင်းပြောဆို ဆောင်ရွက် မှုရှိနေသည်။