Home သတင်း နယ်မြေစိုးမိုးမှုအတွက် လမ်းပိုင်းစစ်ဆေးမှုများအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်တုန့်ပြန်

နယ်မြေစိုးမိုးမှုအတွက် လမ်းပိုင်းစစ်ဆေးမှုများအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်တုန့်ပြန်

744
Photo: Crd.

မေလ ၂၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် လမ်းပိုင်းတချို့ကို နယ်မြေစိုးမိုးရေးအတွက် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၆ ရက်နေ့တွင် လမ်းပိုင်းစစ်ဆေးမှုပြုလုပ်မှုအပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်း၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ နယ်မြေအတွင်းရှိ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လမ်းပိုင်းတစ်လျှောက် အသွားအလာယာဉ် များကို ရှောင်တခင်စစ်ဆေးမှုအပေါ် စစ်ကောင်စီ၏ ကျိုက်မရောအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၂၀၈) မှ (၆၀ မမ) ၊(၁၀၅ မမ) လက်နက်ကြီးများဖြင့် လမ်းမများပေါ် နှင့် အနီးအနားရှိ နေရာများထဲသို့ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဂဠုန်စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၄င်းက “လက်နက်ကြီးက ကျနော်တို့ရှောင်တခင်စစ်နေတဲ့နေရာနားကိုပဲ အဓိကပစ်ချသွားတာပေါ့။ ကျနော်တို့နဲ့ဆို ကိုက် ၅၀ နီးပါးလောက်ပဲရှိမယ်။ ကျိုက်မရောဘီးလပ်မြေစက်ရုံနားမှာပဲ။ အဲ့နားက ရာဘာခြံပိုင်ရှင်တွေက အလုပ်သမား တန်းလျားလေးတွေလုပ်ပြီးတော့ အိမ်အခန်း ငှားစားကြတယ်။ အဲ့မှာ တန်းလျား ၁ ခုကိုထိသွားတော့ အကုန်လုံးပျက်စီး သွားတယ်။ စစ်ဆေးတဲ့နေရာကနေ စစ်ကြောင်းကိုနောက်ဆုတ်ပြီး ပြန်လာတဲ့အခါမှာ ကျသွားတာပေါ့။ ကျတဲ့နေရာက လည်းနီးနီးပဲ။ ပြောရမယ်ဆိုရင် ကျနော်တို့တပ်ဖွဲ့ဝင်တွေရှိရင်ထိတယ်။ သူတို့က ဟာဝှစ်ဇာနဲ့ပစ်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီး တုန့်ပြန်ပစ်ခတ်မှုကြောင့် လမ်းဘေးဝဲယာရှိ ရာဘာခြံအတွင်းကျရောက်ပေါက်ကွဲခဲ့ကာ အရပ် သား နေအိမ်တန်းလျား အချို့နှင့် ဒေသခံ အရပ်သားတစ်ဦး ကျည်စထိမှန်းခဲ့ကြောင်းလည်း အဆိုပါ ပြောခွင့်ရ တော်လှန် ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆက်ပြောသည်။

Photo: Crd.

လမ်းပိုင်း စစ်ဆေးမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် ( ၂ ) စစ်ဒေသ၊ စစ်ဒေသခွဲ ( ၃ ) ဂဠုန်စစ်ကြောင်း နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် ( MLA ) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပြည်သူလူထုလုံခြုံ ရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ လမ်းပိုင်းတစ်လျှောက် အသွားအလာယာဉ်များကို ရှောင်တခင်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီ ၏ သတင်းပေးများကို စစ်ဆေးတွေ့ ရှိခဲ့သော်လည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခြင်းမရှိကြောင်းလည်း ဂဠုန်စစ် ကြောင်းက ဆိုသည်။

အလားတူ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ တပ်စခန်း၊ ဂိတ်၊ ရဲခစန်း၊ အုပ်ချုပ်ရေးမှူး ၊ စစ်ကောင်စီ တပ်နှင့်ဆက်နွယ်သည့်သူများကို နယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ပစ်ခတ်ရှင်း လင်းမှုများရှိနေသလို လမ်းပိုင်းတချို့ကိုလည်း နယ်မြေစိုးမိုးမှုများ ပြုလုပ်ထားကြောင်း တော်လှန်ရေး အင်အားစုဘက် က ဖော်ပြထားသည်။