Home သတင်း မြဝတီ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံး၊ ဒဏ်ရာရသူများရှိနေ

မြဝတီ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံး၊ ဒဏ်ရာရသူများရှိနေ

167

ဧပြီ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီကုန်သွယ်ရေးတံတား အမှတ် ၂ နေရာရှိ စစ်ကောင်စီတပ်ကို ‌KNLA မဟာမိတ်ပူးပေါင်းတပ်များတိုက်ခိုက်နေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လေကြောင်းကနေ ကျေးရွာနှင့် ရပ်ကွက်များဘက်ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်သောကြောင့် ဒေသခံများထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသည့်အပြင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကုန်ပစ္စည်းသိုလှောင်သည့် ဂိုထောင်များပါ မီးလောင်မှုဖြစ်ပွားနေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်သောကြောင့် ယနေ့မွန်းလွဲပိုင်းအထိ မွေးမြူရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ မြေနီကုန်း၊ ရေပူ ၊ ချောင်းဆုံ၊ အမှတ် ၅ ရပ်ကွက်မှ မြို့ခံ အရပ်သားပြည်သူ နှစ်ထောင်ကျော်် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။