ဩဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့်စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဒေသခံပြည်သူများ၏ မိုးရာသီစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် ဇူလိုင်လ (၃၁) ရက်က သွားရောက်ကူညီပေးခဲ့ကြကြောင်း ကေအဲန်ယူ-ဗဟို၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။
ဖားအံခရိုင်၊ နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီမှ ဦးဆောင်ကာ အမျိုးသမီး၊ လူငယ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...