စက်တင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး/တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန်ရောက်သော်လည်း ဝယ်ယူသူရှားပါးနေခြင်းနှင့် ယခင်နှစ်ကထက် ဖာလာစျေးနှုန်းများ ထိုးကျသွားခြင်းကြောင့် အရင်းပြန်မရဘဲ စားဝတ်နေရေးအခက်အခဲတွေ့နေကြောင်း ဖာလာစိုက်တောင်သူများက ပြောသည်။
နှစ်စဥ် ဩဂုတ်လမှ အောက်တိုလအတွင်းကာလသည် ဖာလာဆွတ်ခူးရောင်းချ၍ရသည့် ရာသီအချိန်အခါဖြစ်ပြီး သံတောင်ကြီးတွင် ဖာလာများကို တောင်ငူမြို့ရှိပွဲရုံများသို့...