Home သတင်း စစ်တပ်လက်အောက်က ခွဲထွက်မည့် BGF တပ်ဖွဲ့များ စစ်တပ်နှင့် ပူးပေါင်းခြင်းမရှိဘဲ တံဆိပ်ဖြုတ်ချထား

စစ်တပ်လက်အောက်က ခွဲထွက်မည့် BGF တပ်ဖွဲ့များ စစ်တပ်နှင့် ပူးပေါင်းခြင်းမရှိဘဲ တံဆိပ်ဖြုတ်ချထား

195

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ် လက်အောက်က ခွဲထွက်ပြီး ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးလုပ်ဆောင်မည့် နယ် ခြားစောင့်တပ်ဖွဲ့ -BGF အနေဖြင့် ယခုရက်ပိုင်အတွင်း မူလတပ်ဆင်ထားသည့် စစ်တပ်ကိုယ်စားပြု ဘက်တံဆိပ်များအား ဖြုတ်ချထားပြီးဒေသအတွင်း စစ်တပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ခြင်း မရှိတော့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

မြဝတီမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “BGFတွေ မြဝတီမှာတော့ စစ်တပ်ဘက်တံဆိပ်တွေ မတပ် တော့ဘူး။ ဒီအတိုင်းဘက်တံဆိပ်မပါဘဲ သွားလာနေကြတယ်။ ဒီရက်ထဲမှာ ဘက်တံဆိပ် အသစ် တပ်ဆင်ပွဲတွေ လုပ်မယ်လို့ သတင်း ထွက်နေတယ်။ စစ်တပ်နဲ့တော့အတူ ကင်းလှည့်တာ သွားလာတာ မရှိတော့ဘူး။ လက်နက်အပြည့်အစုံနဲ့တော့ မြဝတီမြို့မှာ ကင်းပတ်နေတာ မျိုးတော့လုပ်နေတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

BGF တပ်စခန်းအချို့တွင် မူလဘက်တံဆိပ်ကို ဖြုတ်ထားလိုက်ခြင်းသည် အထူးအဆန်းမဟုတ်ဘဲ မည်သည့်ဘက်တံဆိပ်ကို ပြန်လည်တပ်ဆင်မည့်ကိစ္စမှာ အများပြည်သူက ပို၍ စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း BGF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း BGF တပ်များ တပ်နယ်အလိုက် စစ်တပ်လက်အောက်က ခွဲထွက်ရန် သီးခြားရပ်တည်ခွင့် ပြုရန် စစ်ကောင်စီကို တင်ပြတောင်းဆို ဆွေးနွေးထားသာ်လည်း BGF တပ်နယ် အချို့မှာ စစ်တပ်လက်အောက်တွင် ဆက်လက်စစ်မှုထမ်းမည့် တပ်နယ်များလည်းရှိနေကြာင်း BGF စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“အခုက BGF တပ်နယ် ၄ ခု ရှိတယ်။ တပ်နယ် ၄ က စစ်တပ်နဲ့ ဆက်နေမယ့် သဘောရှိတယ် ကြား တယ်။ ကျန်တဲ့တပ်နယ် ၁/၂/၃ ကတော့ အားလုံးပေါင်းပြီး အဖွဲ့အသစ် ဘက်တံဆိပ်အသစ်နဲ့ တစ်ဖွဲ့တစ်စည်းထဲ ဖြစ်သွားမယ်ပေါ့။ ပြီးတော့မှ ကရင့်လက်နက်ကိုင်အဖွဲ့တွေအားလုံး မဟာမိတ် ပေါင်းပြီး ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးတွေ ဆက်လုပ်သွား မယ်ပေါ့။ အဲဒီပုံစံမျိုး သတင်း ကြားထားတယ် ”ဟု အမည်မဖော်လိုသူ BGF စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည် ။

လတ်တလော BGF တပ်ဖွဲ့မှ Karen National Army -KNA ကရင်အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ အမည်သစ်ဖြင့်ပြောင်းလဲဖွဲ့စည်းမည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည့်ကိစ္စအား BGF တပ်ဖွဲ့ခေါင်းဆာင်များထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြုပြောဆို ဖြေကြားမှုတစ်စုံတရာ မရရှိသေးပါဘူး။

ယခုအချိန်တွင် ဖားအံ၊ လှိုင်းဘွဲ၊ အိန္ဒု ၊ သာမည ဒေသများတွင် စစ်တပ်စစ်ဆေးရေး ဂိတ်များနှင့် BGF တပ်များ ဘက်တံဆိပ်မတပ်ဆင်တော့ဘဲ လက်နက်ကိုင် သွားလာမှုများကြောင့် လုံခြုံရေးစစ်ဆေးသည့် ကိစ္စများတွင် ပဋိပက္ခများဖြစ်ပေါ်နေသည့်အတွက် စစ်တပ်က ဖားအံမြို့နှင့် လှိုင်းဘွဲမြို့ ဒေသအတွင်း စစ်ရေး တိုးမြှင့်ပြင်ဆင်တပ်လှန့် မှုများရှိနေကြောင်း သိရသည်။