Home သတင်း ကော်သူးလေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ ဥက္ကဋ္ဌပြော

ကော်သူးလေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ ဥက္ကဋ္ဌပြော

434
Photo- KIC

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှခြင်းရှိသည့် ကော်သူး လေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း (၇၇) နှစ်မြောက်အတွက် ပေးပို့သော အစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာတွင် ပြောဆိုထားသည်။

ကရင်လူမျိုးများအနေဖြင့် လူမျိုးတစ်မျိုးအဖြစ် ငြိမ်းချမ်းစွာဖြင့် ဖိနှိပ်ချုပ်ခြယ်အနိုင်ကျင့်မှုကင်းသည့် လူမှုဘဝဖွံ့ ဖြိုးတိုးခြင်းရှိသော နိုင်ငံရေးအာမခံချက်ရှိရန်အတွက် ကော်သူးလေ(ခေါ်)ကရင်ပြည်ကို တည်ထောင်ရ မည်ဖြစ် သလို လူမျိုးတိုင်း၏ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသား တန်းတူညီ မျှမှု အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုလည်း တည်ဆောက်သွားရမည်ဖြစ်သည်ဟု ကေအဲန်ယူ ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ပြောဆိုထားခြင်းဖြစ်သည်။

လတ်တလောတွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုရှိလာသည့်နှင့်အညီ ကေအဲန်ယူအနေဖြင့် နိုင်ငံရေး မဟာဗျူ ဟာနှင့် နည်းဗျူဟာများကို ဦးဆောင်လမ်းညွှန်ချမှတ်လျက်ရှိကာ အချိန်နှင့်အမျှ အကောင်အထည် ဖော်ဆောင် ရွက်နေလျက်ရှိနေကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ဆက်လက်ပြောဆိုသည်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်တွင် ကေအဲန်ယူအနေဖြင့် ပဏာမ အပစ်ရပ်စဲမှုကစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အထိ ပါဝင်လက်မှတ်ရေးထိုးခဲ့ကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင်မူ ကေအဲန်ယူ၏ နိုင်ငံရေးရပ်တည်ချက်များ ပြောင်းလဲသွားပြီး နယ်မြေအတွင်း စစ်ဆင်ရေး ပြန်လည်ဖော်ဆောင်ကာ စစ်ကောင်စီ စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့သည်။

Photo- KIC

ထို့အပြင် စစ်ရေးနည်းလမ်းသာမက သံတမန်ရေးနည်းလမ်းများအပြင် နိုင်ငံရေး နည်းလမ်းများတွင်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်ခဲ့သလို မဟာမိတ် တိုင်းရင်း သားများ နှင့် စစ်ကောင်စီ၏ အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နှင့်လည်း လက်တွဲကာ စစ်ရေး၊ နိုင်ငံရေး နှင့် သံတမန်ရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှုများ တွေ့ရှိရသည်။

အလားတူ ကေအဲန်ယူ ခေါင်းဆောင်းများ၊ အစည်းအရုံးဝင်များ၊ လုပ်ဖော်ကိုင်ဖက်များအနေဖြင့်လည်း ကေအဲန် ယူသည် ကရင်လူမျိုး၏ အနာဂတ်ကံကြမ္မာအတွက် အရေးကြီးသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို လက်ခံပြီး အစည်းအရုံး၏ မူဝါဒအတိုင်းရပ်တည်ကာ အမျိုးသားနိုင်ငံရေးရည်မှန်းချက်ပြည့်မြောက်သည်အထိ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးနှင့် အခွင့်အရေး များအတွက် နိုင်ငံရေး နည်းလမ်းဖြင့် လှုပ်ရှားခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်တစ်မျိုးသားလုံးကို ဦးဆောင်သည့် အစည်းအရုံး၏ နိုင်ငံရေး ရပ်တည်ချက်များကို ခုခံကာကွယ်ရန်နှင့် ကရင်လူမျိုးများ လိုလားချက် ပြည့်ဝစေရန်အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲတိုက်ပွဲဝင်ခဲ့သည်။

ကရင်အဖွဲ့အစည်း ၄ ဖွဲ့ဖြစ်သည့် ဒေါကလူ (Dawkalu) ၊ ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း-BKNA၊ ကရင်ဗဟိုအဖွဲ့ချုပ် -KCO နှင့် ကရင်လူငယ်အစည်းအရုံး -KYO တို့ ပေါင်းစည်း၍ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။