Home သတင်း သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ၊ တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ဦးခန့် သေဆုံး

သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ၊ တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ဦးခန့် သေဆုံး

366
Photo: CJ

ဇန်နဝါရီလ ၂၉ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း- ခမရ (၃၅၅ )တွင် ယနေ့ မွန်းလွဲ ၂နာရီခွဲက ကောင်စီ စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ၍ တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ၅ ဦးခန့် သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

တပ်ချိန်းရန်လာသည့် အဆိုပါ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ က စနိုက်ပါလက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ရာတွင် လေယာဉ်မှူးကို ထိမှန်သည့်အတွက်် ယခုလို ရဟတ်ယာဉ်ပျက်ကျပြီး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

ထို စစ်ရဟတ်ယာဉ်သည် ခမရ ၃၅၅/၃၅၆ တပ်ရင်း ၂ခု နေရာ အကြား တောအုပ်အတွင်း ပျက်ကျကြောင်း သိရပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သင်္ဃန်းညီနောင် ဒေသခံများက ပြောသည်။