Home သတင်း ဌာနေမျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချူပ်စီမံခွင့်ရရှိရေး သောသီတောအူးဌာနေမျိုးနွယ်စုဥယျာဉ်ခြံ တည်ဆောက်

ဌာနေမျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချူပ်စီမံခွင့်ရရှိရေး သောသီတောအူးဌာနေမျိုးနွယ်စုဥယျာဉ်ခြံ တည်ဆောက်

899

ဒီဇင်ဘာလ၁၂ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ(၂)နယ်မြေ၏ ကော်သူးလေး ထိန်းချုပ်နယ်မြေမြောက်ပိုင်းရှိ ကရင်မျိုးနွယ်စုအများဆုံးနေထိုင်ရာ အရပ်တွင် ဌာနေမျိုးနွယ်စုများ ကိုယ်ပိုင် အုပ်ချူပ် စီမံခွင့်ရရှိရန်အတွက် သောသီတောအူးဌာနေမျိုးနွယ်စုဥယျာဉ်ခြံ တည်ဆောက်လိုက်ကြောင်း ယနေ့ ဥယျာဉ် မိတ်ဆက်ပွဲအရ သိရသည်။

ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားဆောင်ရွက်မှုကွန်ယက်(KESAN)မှဦးဆောင်ပြီး သောတီတောအူး ဌာနေလူမျိုးစုများဥယျာဉ် ဗီဒီယိုမိတ်ဆက်ပွဲကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ပြီး ၎င်းဥယျာဉ်ခြံသည် ဌာနေမျိုး နွယ်စုများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိနိုင်ရေးအတွက် တည်ဆောက်ရခြင်းဖြစ်ကြောင်း ဥယျာဉ်ဖြစ်မြောက်ရေး ဒု ဥက္ကဌ ပဒို စောဒဲဖိုးမှ မိတ်ဆက်ပွဲတွင် ယခုလိုပြောဆိုခဲ့သည်။

၎င်းက “သောသီတောအူး ဌာနေမျိုးနွယ်စု ဥယျာဉ်ဖြစ်မြောက်ဖို့ အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်က လည်း ကျနော်တို့က ဒီဌာနေလူမျိူးစုတွေက သူတို့ကိုသူတို့ပြန်ပြီး ကိုယ်ပိုင်အုပ်ချူပ်ခွင့် အုပ်ချူပ်နိုင်တဲ့ စွမ်းရည်၊ အရည်အချင်းတွေ သူတို့ ကိုယ်တိုင်ပြန်ပြီး စီမံအုပ်ချူပ်ခွင့် ရှိစေတဲ့အတွက် ဒီအခက်အခဲ ရှိတဲ့ကြားကနေ ဖြစ်အောင်ကြိုးစားလုပ်ခဲ့ရခြင်းဖြစ်တယ်။”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် သောသီတောအူး ဌာနေလူမျိုးနွယ်စုဥယျာဉ်ဖြစ်မြောက်ရေး လုပ်ဆောင်ရာတွင် နိုင်ငံရေးအခြေအနေ အခက်အခဲများအပြားရှိသော်လည်း နောက်လာမည့်မျိုးဆက်သစ်လူငယ်များအတွက် ကောင်းသောအရာများ ဖြစ်လာမည့်အတွက်ကြောင့် အခက်အခဲများကြားမှ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်အုပ်ချုပ်ရေး စတင်လိုက်သည့် အချိန်မှစတင်ပြီး မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လူမျိုးစုများအနေဖြင့် အဘက်ဘက်မှ ဖိနှိပ်ခံကြရပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့် ခက်ခဲစွာ အသက်ရှင်နေထိုင်ခဲ့ကြရကာ ဉယျာဉ်အတွင်းရှိ ကရင်တိုင်းရင်းသား မျိုးနွယ်စု ဖြစ်စေ အခြားမျိုးနွယ်စုဖြစ်စေ ပြည်သူများ၏ အခွင့်အရေး များကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်းလည်း ဥယျာဉ်ဖြစ်မြောက်ရေး တာဝန်ရှိသူများကဆိုသည်။

ဥယျာဉ်ဖြစ်မြောက်ရေး ဥက္ကဌဖြစ်သူ ပဒို စောအယ်ဝါက “ကျနော်တို့မှာ ကိုယ်ပိုင်အခွင့်ရေးတွေ စာချူပ် စာတမ်း တွေရှိတယ်။ ဒါကြောင့်ကျနော်တို့ထဲက တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ လူကြီးတွေကနေ ဒီသောသီ တောအူးမျိုး နွယ်စုဥယျာဉ်ကို ဖြစ်မြောက်အောင် လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီမြေယာတွေကို ပြန်လည်အုပ်ချူပ်ဖို့ ထိန်းသိမ်းဖို့ ကျနော်တို့ ပြန်စီမံခန့်ခွဲမယ်။ စိန်ခေါ်ချက်တွေရှိပေမဲ့ လုပ်စရာရှိတာ လုပ်ရမယ်။ ပန်းတိုင်ရောက် အောင်သွား ရမှာဖြစ်တယ်။”ဟု သူကပြောဆိုခဲ့သည်။

ယနေ့ပြုလုပ်သည့် သောတီတောအူးဌာနေလူမျိုးစုများဥယျာဉ် ဗီဒီယိုမိတ်ဆက်ပွဲအခမ်းအနားတွင် ဖိတ်ကြား ထားသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် မီဒီယာအဖွဲ့အစည်းအချို့ ပါဝင်၍ ကိုယ်စားလှယ် (၆၇)ဦး ခန့်တတ်ရောက်ခဲ့သည်။

အဆိုပါ တောသီတောအူးဥယျာဉ်ခြံသည် ဧရိယာစတုရန်းမိုင်းပေါင်း (၅,၇၅၄)စတုရန်းကီလိုမီတာအထိ ကျယ် ဝန်းပြီး ကရင်မျိုးနွယ်စုအများဆုံးနေထိုင်၍ ကညောဝါး၊ ဂေဘား၊ဘွဲ၊ပကူး၊မိုဘွား၊မိုနေဘွာ၊စလယ်ဘွာနှင့် အခြား ကရင်လူမျိုးနွယ်စုများစွာ အတူတကွယှဉ်တွဲနေထိုင်ကြကာ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက လုပ် ကိုင်ကြကြောင်း မိတ်ဆက်ပွဲအရ သိရသည်။