Home သတင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ်နှင့် ဘုရားကျောင်း စပါးကျီများထိခိုက် ပျက်စီး

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ်နှင့် ဘုရားကျောင်း စပါးကျီများထိခိုက် ပျက်စီး

1711
Photo: KNU Mutraw news

ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၅)နယ်မြေ၊ လူသောမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင် ဘာလ ၉ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် သွားရောက် တိုက်ခိုက်မှုကြောင့် မုပယ်ထ နှင့်တဘိုးထ ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် ၃ လုံး အပြင် ဘုရားကျောင်းနှင့် စပါးကျီများ ထိခိုက်ပျက်ဆီးသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်ဖြင့် ဗုံးသီး ၂လုံး လာရောက် ကြဲချသလို စက်သေနတ်ဖြင့် (၃) ကြိမ်တိုင် ပတ်ဝဲ ပစ်ခတ်ခဲ့သောကြောင့် အရပ်သားနေအိမ် ၃လုံး၊ စပါးကျီတစ်လုံး၊ ဘုရားကျောင်း တစ်ဆောင်နှင့် ဆုတောင်းခြင်းဆိုင်ရာအဆောင်အအုံးတစ်ခု ထိမှန်ပျက်စီးသွားကြောင်း ကေအဲန်ယူက ဆိုသည်။

အဆိုပါ ဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကစ၍ စစ်ကောင်စီ မှ လေကြောင်းဖြင့် နေ့စဉ်နီးပါး လာရောက် ဝဲပျံပစ်ခတ်နေပြီး ကျေးရွာဒေသခံ အိမ်ထောင်စု ၆၁ စု လူဦးရေအားဖြင့် ၃၆၀ ဦးသည် ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အချိန်ထိ စစ်ဘေးရှောင်နေရသေးကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားမှုအရသိရသည်။