အောက်တိုဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထားဝယ်ခရိုင်တစ်ခုလုံးအားဖြင့် ရေဘေးသင့်နေသည့်အထဲတွင် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် စက်တင်ဘာ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ စစ်အုပ်စုက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ အောက်တိုဘာ(၁)ရက်နေ့ ညနေပိုင်းက လေယာဥ်ဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ(၂၉)ရက်နေ့က ထားဝယ်အရှေ့တောဒေသသို့ လေကြောင်းတိုက်ခိုက်မှုအပြီး သရက်ချောင်းရှိ ရွာ(၃)ရွာကို...