Home သတင်း စစ်တပ် လက်နက်ကြီး‌ကြောင့် တတန်ကူး ရွာသားတစ်ဦး ထပ်မံဒဏ်ရာရ

စစ်တပ် လက်နက်ကြီး‌ကြောင့် တတန်ကူး ရွာသားတစ်ဦး ထပ်မံဒဏ်ရာရ

784
Photo: CJ

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်‌။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ ၁၄ရက် နေ့ လည် ၁၂ နာရီခွဲဝန်းကျင်တွင် ကော့ကရိတ်လှိုင်ဝကုန်းရှိ စစ်ကောင်စီတပ်၏လက် နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသား တစ်ဦး ထပ်မံဒဏ်ရာရနေကြောင်း ရွာသားများကပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီး နေ့စဉ်ပစ်ခတ်သဖြင့် ဒေသခံများ မကြာ ခဏထိခိုက်မှုရှိသလို ယနေ့တွင်လည်း တတန်ကူး ရွာသားတစ်ဦး ထပ်မံဒဏ်ရာရခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့ရွာမှာ ရွာသားတစ်ဦးထပ်ထိတယ်။ ‌ညာဘက်‌ ပေါင်ရင်းမှာထိတာ ဒဏ်ရာကမပြင်း ထန် ပေမဲ့ ကျည်စကျန်တော့ ဖားအံဆေးရုံကို ပို့လိုက်ပြီး”ဟု ယမန်နေ့က ကေအိုင်စီ ပြောသည်။

အလားတူ အောက်တိုဘာလ ၁၃ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အမှတ်(၂)ရပ် ကွက် အထက (ခွဲ) ဝင်းကြီးကျောင်းတွင် ‌ကျရောက်ပေါက်ကွဲပြီး ကျောင်းသူ ၁ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့သေးသည်။

ထို့အပြင် ကော့ကရိတ်မြို့အနီး ကျေးရွာများဖြစ်သည့် ကြောင်လျှာကုန်း၊ ရွာသစ်ကုန်း၊ ကော့နွဲ၊ ကမိုင်ကုန်း စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်၏ လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အဆောက်အအုံနှင့် အိမ်မွေးတိရစ္ဆာန်များ သေကြေပျက်စီးကာ ယခုအချိန်ထိ ကျေးရွာသားများအားလုံး ပြန်နေထိုင်၍မရဲသေးကြောင်း ဒေသခံရွာသားများက ပြောသည်။