ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများထဲရှိစာသင်ကျောင်းများတွင် ယခင်ပညာသင်နှစ်နှင့် ယခု၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့ နှိုင်းယှဥ်ပါက ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်ထောင်(၁,၀၀၀)ခန့် လျော့နည်းလာကြောင်း ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာပညာရေးအဖွဲ့ (KRCEE)တာဝန်ရှိသူထံမှ သိရသည်။
ဒုက္ခသည်စခန်းအတွင်း ရိက္ခာထောက်ပံ့မှု လျော့နည်းလာပြီးနောက် မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်သူ၊ ကျောင်းဆက်တက်ရန်အခက်အခဲရှိသည့်...