စက်တင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ကမမောင်းမြို့အနီး မိဇိုင်းတောင်ခြေတွင် ထိုင်းနိုင်ငံမှ ဖမ်းဝရမ်းထုတ်ခံထားရသူ ကရင်ပြည်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးစောမုတ်သုန် ပြောင်းရွှေ့နေထိုင်ခြင်းအပေါ် နယ်မြေအတွက် လက္ခဏာမကောင်းဟု တပ်မဟာ(၅)ဘက်က ပြောသည်။
BGF အမှတ်(၄)တပ်နယ်မှူးအပြင် တပ်ရင်း (၁၀၂၂)၏ တပ်ရင်းမှူးတာဝန်လည်းယူထားသည့် ဗိုလ်မှူးစောမုတ်သုန်မှာ...