Home သတင်း ခလယ်တံခွန်တိုင်ရဲခစန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ကေအဲန်ယူ ထုတ်ပြန်

ခလယ်တံခွန်တိုင်ရဲခစန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ကေအဲန်ယူ ထုတ်ပြန်

785
Photo: KNU

သြဂုတ်လ ၁၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် သြ ဂုတ်လ ၁၅ ရက်နေ့က ခလယ်တံခွန်တိုင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များအကြား ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ခလယ်တံခွန်တိုင်ရဲစခန်းပစ်ခတ်မှုတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ−၂၈၄) နှင့် KNLA တပ် ရင်း ၁၆၊ တပ်ခွဲ ၄ တို့အကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုအပြင် ထိ ခိုက်မှုများကိုလည်း စိစစ်နေသည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးခြင်းမရှိခဲ့ကြောင်းလည်း KNU ဘက်က ဆိုသည်။

ထို့အပြင် ခလယ်တံခွန်တိုင်ရဲစခန်းတွင် နှစ်ဖက်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုဘက်မှ ထိ ခိုက်သေဆုံးမှုအခြေအနေကို သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။

၎င်းပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် နောက်ဆုံးအခြေအနေဆိုင်ရာ အသေး စိတ်အချက်အလက်သိရှိရန် နယ်မြေခံ KNLA တပ်ဖွဲ့များကို ဖုန်းဖြင့်ဆက်သွယ်ရာတွင် ခေါ်ဆို၍ မရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။