ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်ကွေ့အနီးတွင် ယနေ့ ဩဂုတ်လ ၇ရက် နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က တောင်မြေပြိုကျမှုကြောင့် အာရှကုန် သွယ်ရေးလမ်းမကြီး ပေ ၁၀၀ ခန့် ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။
အဆိုပါ မြေပြိုလမ်းပျက်စီးမှုကြောင့် မြဝတီ- ကော့ကရိတ် သွာလာရေးလမ်းပိုင်းများ အဆက် အသွယ် ပြတ်တောက်နေပြီး နှစ်ဘက်ယာဥ်ကြောရှိ ကားများပြန်လှည့်ကာ ယာဥ်လမ်းအန္တရာယ်ကင်းမည့် နေရာများသို့ ရှောင်ရှားနေကြရကြောင်း မြေပြိုလမ်းပျက်ကျသည့် နေရာအနီးရှိ ဒေသခံ ယာဥ် မောင်းများက ပြောသည်။
၎င်းမြေပြိုလမ်းပျက်သည့် နေရာတွင် ကားနှင့် လူထိခိုက်မှုရှိနေသည့်အတွက် ကော့ကရိတ်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကူညီကယ်ဆယ်နေကြောင်းမြေမြင်သတင်းအရ သိရသည်။




















