Home သတင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အတင်းအဓမ္မပျောက်ဆုံးသည့်အရပ်သား ၇၂ ဦးနှင့်အထက်ရှိကြောင်း KHRG ပြော

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အတင်းအဓမ္မပျောက်ဆုံးသည့်အရပ်သား ၇၂ ဦးနှင့်အထက်ရှိကြောင်း KHRG ပြော

554

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ထိန်းချုပ်နယ်မြေများအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်း တွင် စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များကြောင့် အတင်းအဓမ္မပျောက်ဆုံးနေရသူ အရပ်သား (၇၂)ဦးနှင့် အထက်တွင်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ယနေ့ ကျရောက် သည့် အပြည်ပြည်ဆိုင်ရာအတင်းအဓမ္မပျောက်ဆုံးမှု ဒဏ်ခံရသူများနေ့အတွက် ထုတ်ပြန်ထား ချက်အရ သိရသည်။

အတင်းအဓမ္မပျောက်ဆုံးစေမှုဟု ဆိုရာ၌ အစုအဖွဲ့(သို့မဟုတ်)လူတစ်ဦးဦးက ရည်ရွယ်ချက်ရှိရှိဖြင့် ပျောက်ဆုံးစေရန်လုပ်ဆောင်သည့် ဥပဒေဘောင်ပြင်ပရှိ လုပ်ရပ်ဖြစ်သလို ပျောက်ဆုံးခံရသူ အများ စုမှာ အမျိုးသားများဖြစ်၍ လက်ရှိမြေပြင်တွင်လည်း ၇၂ ဦးအထက်များစွာပိုနေနိုင်သည်ဟု KHRG က ပြောဆိုထားသည်။

ထိုပျောက်ဆုံးမှုပုံစံအားဖြင့် မိသားစုဝင်များသို့ အသိပေးအကြောင်းကြားခြင်းမရှိဘဲ စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခံရခြင်း၊ လမ်းပြလူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိရိယာအဖြစ် အသုံးပြုခံရခြင်းအပြင် ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော လက် နက်ကိုင်တပ်ဖွဲ့များမှ ဒလန်ဟု စွပ်စွဲခံရရာမှ အဓမ္မပျောက်ဆုံးစေခြင်းဖြင့် အမျိုးမျိုးရှိပြီး ၎င်းသည် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း အစီရင်ခံစာပါ ဖော်ပြချက်အရ သိရသည်။

“ဘယ်အဖွဲ့က ကျူးလွန်တာဖြစ်ဖြစ် ဒါဟာဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်ပါတယ်။ လက် နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဥပဒေလို့ခေါ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေကို သိရှိလိုက်နာမယ်ဆိုရင်တော့ ဒီဖြစ်စဉ်တွေကို လျှော့ချနိုင်သလို ဂုဏ်သိက္ခာ ကိုလည်း မြှင့်တင်နိုင်ပါတယ်။” ဟု KHRG ၏ ထုတ်ပြန်ချက်ပါပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

ထို့အတူ အရပ်ဘက်နှင့် လူထုအခြေပြုအဖွဲ့စည်းများအနေဖြင့်လည်း အဓမ္မ ပျောက်ဆုံးနေစေမှုနှင့် ပတ်သက်သည့် အသိပညာပေးရေးနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ၊ ကျူးလွန်ခံရသူများနှင့် မိသားစုဝင်များအသံကို ထုတ်ဖော်ခြင်းဖြင့် တရားမျှတမှုရှိစေရေး လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း KHRG က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Photo: Crd.

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် တရားမျှတမှုအတွက် နိုင်ငံတကာနှင့်သက်ဆိုင်ရာ တာဝန်ရှိ သူများသို့ အဓမ္မပျောက်ဆုံးမှုပပျောက်စေရေး တိကျ၍ထိရောက်သော လုပ်ဆောင်မှုများလုပ်ရန်၊ ကျူးလွန်သူများအနေဖြင့် တာဝန်ခံမှုရှိစေရေး ဖိအားပေးရန်နှင့် စုံစမ်းစစ်ဆေးရေး ယန္တရားတည် ဆောက်၍ ကြိုတင် ကာကွယ်တားဆီးမှုများလုပ်ရန် စသောအချက်လေးချက်ကိုလည်း KHRG က တိုက်တွန်းထားသည်။

စောနန္ဒဆူးက“တာဝန်ရှိသူတွေအနေနဲ့က သူတို့ရဲ့နယ်မြေထဲမှာ တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင် ရွက်ဖို့လိုမှာပါ။ ဒါဆိုရင် အတင်းအဓမ္မပျေက်ဆုံးခံရမှုတွေက ဖြစ်စရာအကြောင်းမရှိပါဘူး။ စစ်ဆေး ရေးယန္တရားဖွဲ့စည်းတဲ့အခါမှာ နယ်မြေအတွင်းမှာ အခြေစိုက်နေတဲ့အစိုးရ၊ အရှေ့ တောင်ပိုင်းမှာ ဆိုရင် KNU တို့ NUG တို့ရှိမယ်။ သူတို့လက်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေရှိမယ်။ နိုင်ငံတ ကာအဆင့် ဘက်လိုက်မှု မရှိတဲ့ ကျွမ်းကျင်သူတွေလည်း ပါဝင်ရပါမယ်။” ဟု ဖြည့်စွက် ပြောဆိုသည်။

ထို့အပြင် ချိုးဖောက်မှုများ၏အဖြစ်အပျက်ကို စုံစမ်းလေ့လာ၍ တိုင်းရင်းသားဒေသများနှင့် မြန်မာပြည်တောင်ပိုင်းဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့သို့ လိုအပ်နေသောအကူအညီများပေးရန်နှင့် ကျူးလွန်သူများအပြင် ၎င်းတို့၏ မိသားစုဝင်များအတွက် တရားမျှတမှု၊ ဆက်လက်ရှင်သန်နိုင်ရေး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများလုပ်ဆောင်ပေးရန်လည်း လိုအပ်သည်ဟု KHRG က ထုတ်ပြန်ချက်တွင် ဆက်လက်တိုက်တွန်းထားသည်။

အများအားဖြင့် စစ်ကောင်စီသည် ကေအဲန်ယူထိန်းချုပ်နယ်မြေများသို့ စစ်ကြောင်း ထိုးဝင်ရောက် မှုများလုပ်ဆောင်ရာတွင် ၎င်းတို့၏လုံခြုံရေးအတွက် စစ်ကြောင်းဝင်ရာလမ်းမှကျေးရွာများရှိ ဒေသခံများအားလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မသင်္ကာစရာတွေ့ရှိပါက အတည်ပြု စစ်ဆေးခြင်းမပြုဘဲ သတ်ဖြတ်အလောင်းဖျောက်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်ဟု ကေအဲန်ယူနှင့်ဒေသခံများကလည်း ထုတ်ပြန်ပြောဆိုမှုများ ရှိထားသည်။