ဇူလိုင်လ ၂ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအား တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် အဟုန်တိုးမြှင့် လုပ်ဆောင် ရန်အတွက် သတ်မှတ်ထားသော လမ်းပိုင်းများကို သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)ဒေသခွဲက ယမန်နေ့ဇူလိုင်လ ၁ရက်တွင် အသိပေး ထုတ်ပြန်လိုက်သည်။
ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း နှင့်မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဖားအံလမ်းပိုင်း များကို နေ့စဉ် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်းဖြတ်သန်းသွားလာခြင်း မပြုကြရန် ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။
ထို့အပြင် သတ်မှတ်လမ်းပိုင်းများတွင် နေ့အချိန်ခရီးသွားလာရာတွင်လည်း မော်တော်ယာဉ်များအနေဖြင့် မှန်ချမောင်းနှင်ရန်၊ တာဝန်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်အရ စစ်ဆေးရာတွင်လည်း ကြည်ဖြူ စွာလက်ခံရန် အသိပေးထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်အားလိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို စစ်ဒေသခွဲ အမှတ်(၂)အနေဖြင့် တာဝန်ယူမှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



















