အပူရှိန်တက်နေတဲ့တိုင်းပြည်
သူးလေဖော
—————-
တိုင်းပြည်ရေ•••••
မင်းရဲ့မျက်လုံးရှိပေမဲ့
အမြင်အာရုံက မှုန်ဝါးနေတယ်။
တိုင်းပြည်ရေ••••••
မင်းရဲ့နားက ရှိပေမဲ့
အကြားအာရုံက ဝေဝါးနေတယ်။
တိုင်းပြည်ရေ••••••
မင်းရဲ့နှာခေါင်းရှိပေမဲ့
အနံ့အာရုံက မသဲကွဲဖြစ်နေတယ်။
တိုင်းပြည်ရေ••••••
မင်းရဲ့လျှာက ရှိပေမဲ့
ရသဓာတ်တွေက ပျက်နေတယ်။
တိုင်းပြည်ရေ•••••••
မင်းရဲ့ ဘော်ဒီအိမ်ကရှိပေမဲ့
ဘော်ဒီအိမ်က ပြိုလဲတော့မယ်။
တိုင်းပြည်ရေ•••••••
မင်းကိုယ်တိုင် အပူရှိန်တက်နေမှတော့
ပြည်သူတွေလည်း တစ်နေ့မှ မရွှင်လန်းနိုင်ဘဲ
အပူရှိန်ဝင်ပြီး အဖျားတက်နေကြတယ်။
(23/7/2023)



















